Ch-12

75 13 5
                                    

Unicode

Arc 1 - The Bloody Apartment (12)

[Nikolai YouTube မှာ cuihua pronunciation သွားနားထောင်လိုက်တာ ချွေဟွားပါတဲ့၊ တောင်းပန်ပါတယ်ခ]

“ခေါက်ကြည့်လိုက်တဲ့ အသံအရတော့ တကယ်ဟောင်းလောင်းပေါက်ပဲ။”

Anonymous က ရှန်းယွီ၏ လက်မောင်းဖြင့် ပင့်ချီခံထားရလျက် လက်ကို ဆန့်ထားကား မျက်နှာကျက်အား သုန်မှုန်နေသောမျက်နှာနှင့် ခေါက်ကြည့်နေသည်။

ယခုအချိန်တွင် သူတို့၏ ပုံစံမှာ ရှန်းယွီက လက်မောင်းကို ကွေးထားရင်း Anonymous အား မျက်နှာကျက်နှင့် နီးကပ်စေရန် မြင့်မြင့်ပင့်မြှောက်ထားခြင်းဖြစ်သည်။

သို့သော် Anonymous ၏ မျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် မလိုလားမှန်း သိသာသည်။

“ဘယ်သူမှ အစ်ကိုတို့ကို နေ့လည်စာလာမပို့ဘူး၊ ကလေးလေးဗိုက်ဆာနေပြီလား? မနက်ထဲက ဘာမှမစားရသေးတာဆိုတော့ သွေးတွင်းသကြားဓာတ်နည်းနေဦးမယ်။”

ရှန်းယွီက ခေါင်းကိုမော့လိုက်ပြီး စိုးရိမ်စွာပြောလိုက်သည်၊ “မင်းလေးက အခုမှ ဖွံ့ဖြိုးဆဲအရွယ်ပဲရှိသေးတာကွ အစ်ကို့မှာ ပူရှိန်းနည်းနည်းရှိတယ် စားမလား?”

သူဂရုစိုက်နေသည့် Anonymous ၏ မျက်နှာမှာတော့ တစ်စတစ်စတင်းမာလာလေသည်၊ သူ၏ လေသံမှာ အသည်းအသန် ငြင်းနေသယောင် “ငါက ဖွံ့ဖြိုးနေတဲ့ ကလေးမဟုတ်ဘူး သကြားလုံးလည်း မစားဘူး။”

“ခစ်… အဟွတ် အဟွတ်၊ ကျွန်မအဆင်ပြေတယ် ဆက်လုပ် ဆက်လုပ်!”

သူတို့၏ နောက်ရှိ ချွေဟွားမှာ ရယ်ချင်သည်ကို အောင့်ရလွန်း၍ အသက်ရှူပါ ကျပ်တော့မည်၊ သူမက ချောင်းဆက်တိုက်ဆိုးနေပြီး လုပ်လက်စအား ဆက်လုပ်ရန် လက်ဟန်ခြေဟန်ပြသနေသည်။

ထိုသို့ပြောနေရင်းနှင့် သူမက Anonymous ၏ မျက်နှာအား ချုပ်တည်းထားရသောမျက်နှာနှင့်  ခိုးကြည့်လိုက်သည်၊ “ရှင့်ရဲ့ ဒီနေ့တော့ သွားပြီ။”

ရှန်းယွီက အမှုမထားသည့်ဟန်ဖြင့် ‌မေးလိုက်သည်၊ “မင်းတို့ နှစ်ယောက်က လက်တွေ့ဘဝမှာလည်း ရင်းနှီးတယ်မလား?”

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now