Ch-11

152 24 4
                                    

Unicode

Arc 1 - The Bloody Apartment (11)

"ကျန်းလီလီ! ကျန်းလီလီ! ကျန်းလီလီ!"

ဤအသံကို ကြားလိုက်ရသည်နှင့် တိုက်ခန်းနေသူအားလုံး၏ မျက်နှာများထက်တွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး သူတို့မှာ ထွက်ပြေးချင်လာကြသည်။

ပိုပြီးထိတ်လန့်စရာကောင်းသည်မှာ ရှန်းယွီခေါ်လိုက်သည်နှင့် ပန်းရောင်တိုက်ခန်းတစ်ခုလုံး တုန်ခါသွားခြင်းပေ။

ဆံပင်များကြမ်းပြင်ပေါ်သို့ တရွှမ်းရွှမ်းဖြတ်တိုက်သွားသည့် အသံများမှာ တဖြည်းဖြည်းချင်း အနောက်ပိုင်းအဆောက်အအုံသို့ ချည်းကပ်လာသည်။

ဤအချိန်တွင် မည်သူမှ ဦးဆောင်ရန်မလိုတော့ပေ။ တိုက်ခန်းနေသူအားလုံးသည် ကြောင်ကိုတွေ့လိုက်သော ကြွက်များကဲ့သို့ တိုက်ခန်းထဲတွင်မနေရဲတော့ဘဲ အုတ်အောသောင်းနင်းထွက်ပြေးကြတော့သည်။

လျှောက်လမ်းတစ်ခုလုံး၏ ပုံသဏ္ဋာန်မှာ ပြောင်းလဲသွားခဲ့သည်။

သွေးနီမျှင်များသည် ပင့်ကူအိမ်များကဲ့သို့ နံရံများနှင့် ကြမ်းပြင်များပေါ်သို့ တွားသွားတက်လာပြီး လျှောက်လမ်းတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။

ကျဉ်းထဲကျပ်ထဲရောက်နေသည့်အချိန်တွင် ရှန်းယွီသည် တံခါးကို ဝိုင်းအုံနေကြမည့် တိုက်ခန်းနေသူများအား မောင်းထုတ်ရန် ကျန်းလီလီ၏ နာမည်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့သော်တစ်ချိန်တည်းတွင် အချိန်အကြာကြီး ဖြိုဖျက်ပါစေ မပွင့်သွားသည့် တံခါးထံမှ စိတ်ညစ်စရာအသံတစ်ခုထွက်လာခဲ့ပြီး တံခါးရွက်မှာ လဲကျ၍ တစ်စီဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် anonymous နှင့် ရှန်းယွီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အနီရောင် သွေးချည်မျှင်များနှင့် ဘာအတားအဆီးမှ မရှိတော့ဘဲ မျက်နှာချင်းဆိုင်လိုက်ကြရသည်။

အတိုင်းထက်အလွန်ရက်စက်ခဲ့သော အနီရောင်သွေးမျှင်များသည် တက်ကြစွာအခန်းထဲသို့ချက်ချင်း ဝင်မလာခဲ့ကြပေ။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now