Ch-15 Unicode

58 17 4
                                    

Real Life

ရှန်းယွီသည် အဆုံးမရှိ ပြုတ်ကျနေခဲ့သည်။

နောက်ဆုံးမှာတော့ သူနူးညံ့သောမွေ့ရာပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။

သူ့ရှေ့ရှိ အမှောင်ထုကြီးမှာ ပြယ်လွင့်စ ပြုနေလေပြီ၊ ရှန်းယွီက ထလိုက်ကာ ရင်းနှီးနေကျအခန်းထဲရှိ သူ၏မွေ့ရာပေါ်သို့ ပြုတ်ကျသွားသည်ဖြစ်ကြောင်း သိလိုက်ရသည်။

လွန်ခဲ့သော ရက်များက အိပ်မက်ဆိုးတစ်ခုသာဖြစ်ပြီး ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင်...

ဒီတိုင်း...

သူက အံ့သြသွားပြီး လက်ထဲရှိ မဟူရာစာအုပ်အား ကိုင်မြှောက်လိုက်သည်။ 

ဒါက အစစ်အမှန်ပဲ...

သူက စာရွက်တွေကိုလှန်ကြည့်လိုက်ပြီးနောက် သူ၏ပထမဆုံး သရဲဝတ္ထုအားတွေ့လိုက်ရလေသည်၊ "သွေးလွှမ်းတိုက်ခန်း" ဟု ရေးထားသော ဝတ္ထု...

ဝတ္ထု၏ အဆုံးသတ်တွင် အပိုစာကြောင်းတစ်ခုပါနေလေသည်။

[စာရေးဆရာ "Mint" က "သရဲမ၏ ကျေးဇူးတင်လွှာ" နှင့် အကူပစ္စည်း "luminol" တို့ကို ရရှိခဲ့ပါသည်။]

နောက်တစ်မျက်နှာကို လှန်လိုက်ပြီးနောက် အရင်က ဗလာဖြစ်နေသောနေရာတွင်  စုတ်တံဖြင့် အနီရောင်ဆံပင်ရှည်များအား ခပ်ကြမ်းကြမ်း ဆွဲထားသည်ကို တွေ့လိုက်ရလေသည်။

【ကျန်းလီလီက သင် သူမအတွက် လုပ်ပေးခဲ့သမျှကို ရင်ထဲအသည်းထဲကနေ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်လျက်ရှိနေပါသည်။ ထို့ကြောင့် သူမ၏ ဆံပင်များအား ဖြတ်ကာ လက်‌ဆောင်အဖြစ်ပေးခဲ့သည်။ 】

【စွမ်းရည်၏ အသုံးဝင်ပုံ- ပစ်မှတ်အား သုံးစက္ကန့်ကြာအောင် ဟန့်တားစေနိုင်သည်။ ဆံပင်များ သွေးစုပ်ယူမှုများလာပါက ကြာချိန်အား ပိုမိုတိုးမြှင့်လာနိုင်မည်ဖြစ်သည်။ 】

[စာကြွင်း- အသုံးပြုနေချိန်တွင် သင်၏ ဇနီးအပေါ် မဖောက်ပြန်ပါနှင့်၊ ထိုသို့မဟုတ်ပါက သင့်အား ကျန်းလီလီ၏ ဆံပင်များက အလွတ်ပေးမည်မဟုတ်ပေ!]

နောက်တစ်မျက်နှာကို လှန်လိုက်သည့်အခါ luminol ပုလင်းတစ်ဘူးတွေ့လိုက်ရလေသည်။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now