Ch-6

149 29 2
                                    

Unicode
Arc - 1 The Bloody Apartment (6)

အနောက်အဆောက်အဦး၌ သန်းခေါင်ယံချိန်။

ပန်းတက်တူးနှင့်လူသည် အခန်းထဲသို့ လဲကျသွားပြီး အိပ်ပျော်သွားကာ သူ့ဟောက်သံများ အခန်းတစ်ခုလုံး ကျယ်လောင်လာသည်။

ဒါပေမယ့် သူ့ဆံပင်အဝါရောင် အနားကလစ်က အနည်းငယ် ထိတ်လန့်နေပုံရတယ်။

"အစ်ကိုကြီး၊ ငါတို့ဒီတိုင်းကြီးအိပ်ရတာ တကယ်အဆင်ပြေရဲ့လား၊ အဲဒီလူတွေက ညဘက်တွေမှာ ပြတင်းပေါက်ကို ခြစ်တာတွေ၊ တံခါးလာခေါက်တာတွေတို့လို လှုပ်ရှားမှုတွေကို မကြာခဏကြားရတယ်လို့ပြောကြတယ်လေ။"

အဝါရောင်ဆံပင်နှင့်လူက စိုးရိမ်တကြီးမေးလာသည်။

ပန်းတက်တူးထိုးထားသည့် အမျိုးသားသည် အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် ထလာကာ ပြောင်နေသော ခေါင်းကို ကုတ်ရန် လက်ကိုဆန့်တန်းလိုက်ရင်း စိတ်မရှည်စွာ ဟစ်အော်လာပြီး "မင်းဘာကို စိတ်ပူနေတာလဲ၊ မင်းဘဝမှာ ဘာအမှားမှ မလုပ်ဘူးတာ၊ ညနက်သန်းခေါင်မှာ တံခါးလာခေါက်တဲ့ သရဲတစ္ဆေတွေ မင်းကြောက်နေစရာ မလိုဘူး။"

အဝါရောင်ဆံပင်နှင့်လူက ဖြစ်ညှစ်ပြုံးပြခဲ့သည်။ "ဒါပေမယ့် အကိုကြီး... ငါတို့နှစ်ယောက်က သူခိုး၊ ဖောက်ထွင်းရေးသမားတွေ ဖြစ်ခဲ့ဖူးတယ်၊ ငါတို့ပြစ်မှုတွေ မကျူးလွန်ဘူးတာ မဟုတ်ပေမဲ့..."

သူတို့နှစ်ဦးစလုံးသည် ကျွမ်းကျင်သူခိုးများဖြစ်ပြီး တစ်ခါတစ်ရံ မူလတန်းကျောင်းသူကျောင်းသားများကို အနိုင်ကျင့်ကာ အကာအကွယ်ပေးခအချို့ကို ယူဆောင်သွားကြသည်။ ဤတစ်ကြိမ်တွင် သူတို့သည် သူတို့၏အလုပ်အကိုင်ကို မြှင့်တင်လိုပြီး လုယက်ရန် ပစ်မှတ်အသစ်ကို ရှာဖွေလိုကြသည်။ ဘယ်သူက ထင်ထားမှာလဲ သူတို့က ဒီထိတ်လန့်စရာကစားပွဲမှာ ပါဝင်သွားရလိမ့်မယ်လို့။

"သောက်ရေးမပါတာတွေ မပြောစမ်းပါနဲ့!" လက်မောင်းတက်တူးထိုးထားသည့် အမျိုးသားသည် အစ်ကိုကြီးတစ်ယောက်၏ အပြုအမူကို ထုတ်ဖော်လာပြီး ပွင့်ပွင့်လင်းလင်း ကျိန်ဆဲခဲ့သည်။ "အဲဒီလူတွေက ရှိုးတိုးရှန့်တန့်နဲ့ ကြောက်ရွံ့နေကြလို့ သူတို့စိတ်ကို သူတို့ခြောက်လှန့်မိပြီး စိတ်မလုံမခြုံဖြစ်နေကြတာကွ။"

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now