Part-16(U+Z)

324 10 77
                                    

Uni

~အပေးအယူ~

သွေးညှီနံ့တွေဟောင်ထနေတဲ့ ခပ်မှောင်မှောင် အခန်းထဲဝယ်....တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့် တစ်စုံတစ်ယောက်၏ ကြောက်ရွံ့ထိတ်လန့်မှုများ ထင်ဟပ်နေသော ပင့်သက်ရှိုက်သံတို့က ပဲ့တင်ထပ်နေ၏။

"မလုပ်ပါနဲ့...ငါ...ငါ..တောင်းပန်ပါတယ်...ဘာလိုချင်တာလဲ ငါအကုန်ပေးနိုင်တယ်...မသတ်ပါနဲ့...ငါမင်းအပေါ်ဘာအမှားမှ မလုပ်ခဲ့ဖူးဘူးလေ"

ယောကျာ်းကြီးတစ်ယောက်ဖြစ်သည့်တိုင် အသည်းငယ်စွာ အကြောက်ကြောက်အလန့်လန့်ဖြင့် ပြောနေတဲ့စကားသံတို့က ခုံပေါ်မှာထိုင်နေသော လရောင်ဆူးရဲ့မျက်နှာကို အပြုံးရိပ်ထင်ဟပ်လာစေသည်။

ချိုမြိန်ပါသည်...အကြည့်မလွဲချင်လောက်အောင်လည်း လှပကြော့ရှင်းနေပါသေး၏။ သို့သော်....

"အမှားလား...အင်း...မမှားခဲ့ဖူးပါဘူး...ခံစားချက်တွေကို အကြောင်းပြလိုက်ရင် အမှားဆိုတာ ဘယ်မှာရှိတော့လို့လဲ...ဟုတ်တယ်မလား...သေချာအပြည့်ဝနားလည်တာပေါ့"

မျက်နှာမှာညင်သာတဲ့အပြုံးကို ချိတ်ဆွဲထားပေမယ့်လည်း ပြောလာတဲ့ လရောင်ဆူးရဲ့ စကားတွေကြောင့် အန္တရာယ်အငွေ့သက်တွေကို ကြမ်းပြင်ပေါ်၌ ​ခြေတစ်ဖက်ကို အစိမ်းလိုက်အချိုးခံထားရသည့်လူက ခံစားနေရသည်။

သူ့တစ်ကိုယ်လုံးကလည်း သွေးသံတရဲရဲဖြစ်နေပြီး စုတ်ပြတ်နေပြီ။ခြေတွေလက်တွေကလည်း အကောင်းတိုင်းမရှိတော့။

ဒီအ​ခြေနေက သူလွတ်ရောလွတ်မြောက်နိုင်ပါ့မလား။အခုချိန်မှာ သေမင်းက သူ့ရှေ့ကမိန်းမနဲ့ပူးပေါင်းထားတာ သေချာနေပြီ။ဒါပေမယ့် သူ...သူတကယ်မသေချင်သေးဘူးလေ။

ခုံပေါ်မှာထိုင်နေတဲ့ လရောင်ဆူးက သူ့ခြေထောက်နားမှာ ယိုယွင်းစွာလဲပုံကျနေသော လူကို ခဏလောက်အမူရာကင်းမဲ့စွာ ​စိုက်ကြည့်နေသည်။

ထို့နောက် ကိုယ်ကိုငုံ့ကိုင်းချလျက် ပြုံးပြရင်း ပြောလာ၏။

"မသေချင်ဘူးမလား...ဒါဆို ငါမေးတာမှန်အောင်ဖြေနိုင်ရင် လွတ်ပေးမယ်လေ..လွယ်လွယ်လေးမေးမှာပါ"

Ideal Partners 2Where stories live. Discover now