Uni
~ဓား~
တိတ်ဆိတ်နေသော ညသန်းခေါင်ယံထက် ပိုတိတ်ဆိတ် ငြိမ်သက်နေသော Lightသည် အချိန်အတန်ကြာသည်အထိ ကြမ်းပြင်ပေါ်တွင် ထိုင်နေတုန်း။
မျက်နှာပေါ်မှာ စိတ်ပျက်နေတဲ့အမူရာကလည်း အထင်းသား။ လွန်ခဲ့သော နှစ်ရက်လောက်ကသာ မင်းမှာတစ်နေ့ဒီလိုအမူရာမျိုး ရှိလာလိမ့်မယ်လို့ လာပြောကြည့်ပါလား။အဲ့ဒီလူကို သူကစိတ်ကူးယဥ်နေတာလားဆိုပြီး ပြန်ပိတ်ဟောက်မိလိမ့်မည်။
သူ့မျက်နှာပေါ်မှာ အချို့သောအမူရာတွေက မရှိတော့တာကြာခဲ့ပြီ။ဒါပေမယ့်...ဒီနေ့မှာတော့...သူအရူးထပြီး အနေနီးလို့ စိတ်ကစားနေခဲ့သည့်...သူ့အတွက်ဦးစားပေးတဲ့ထဲတောင် မပါခဲ့သည့် မှိုင်းကြောင့်...အဲ့ဒီအရှုံးသမားမျက်နှာထားမျိုး...သူလုပ်နေမိပြီ။
ပြန်မပိတ်ထားခဲ့သည့် အဆောင်တံခါးသည်အချိန်ခဏကြာတော့ နောက်ထပ်ဧည့်သည်တစ်ယောက်ကို အလွယ်တကူဝင်ခွင့်ပေးခဲ့ပြန်၏။
ဝင်လာတဲ့လူမှာ အရပ်အတော်ရှည်ကာ ထူးထူးခြားခြား ချောမောပြေပြစ်ပြီး ခန့်မှန်းရခက်တဲ့ အပြုံးတစ်ခုကိုလည်း အမြင်တင့်တယ်စွာ ဆင်မြန်းထားတာကြောင့် ကြည့်မိသူအဖို့မှာတော့ ရင်သပ်ရှုမောစရာပင်။ပြုံးနေတာတောင် သူ့ရဲ့အလွယ်တကူ အနားကပ်မခံသည့် အရှိန်ဝါက ကြီးမားနေတုန်း။
သို့သော် ထိုလူရဲ့စကားတို့သည် ထိုသူရဲ့ ပြင်းထန်လှသော အရှိန်အအဝါကို ကောင်းစွာဖျောက်ဖျက်ပေးနိုင်၏။
သူက ကျကွဲနေသော ပန်းအိုးတွေကို ကြည့်လိုက်၍...
"ရှုပ်ပွနေတာပဲ..ဒါကဘာပါလိမ့်...အရှုံးသမားLightများလား"
ပေါ့ပေါ့ပျက်ပျက် ပြောင်ချော်ချော်လေသံနှင့် ပြောလာသည့်စကား...။ဗံသည် ဘယ်တော့မှ လူရှိန်အောင် နေတတ်သည့်လူစားမျိုးမဟုတ်ပေ။အကြောင်းမသိသူဆို ခင်မင်ရင်းနှီးလွယ်လွန်းသည့် သဘောခပ်ကောင်းကောင်း လူချောတစ်ယောက်လို့တောင် ထင်ကြမှာ။
သို့သော် ဗံသည် အထင်နှင့်အမြင်လွဲအောင် လှည့်စားတတ်သည့် လူမျိုးပင်။
YOU ARE READING
Ideal Partners 2