Uni
~စိတ်ပူနေတာပဲ~
သံပတ်ရုပ်ဂိုဏ်းမှာ နှိုင်းတိုက်ခိုက်ခံလိုက်ရတယ် ဆိုပြီး Lightကmassageပို့လာတော့ မှိုင်းနှင့်ဟန်နီတို့နှစ်ယောက်သား စာကြည့်တိုက်မှာ ဆရာနှစ်ယောက်ကို ပစ်ထားခဲ့ကာ Darkကို အမြန်ပြန်လာခဲ့ကြသည်။
Darkရဲ့ ကုသရေးဆောင်ကြီးကို ဟန်နီရဲ့လမ်းပြမှုကြောင့် မှိုင်းအခက်ခဲမရှိဘဲ ရောက်ရှိလာနိုင်ခဲ့၏။
အဆောင်ကြီးမှာ အတော်လေးကြီးမားကာ ဆရာဝန်တွေ၊သူနာပြုတွေ အဆင်မြင့်ထောက်ကူပြုကိရိယာတွေဖြင့် သီးသန့်အဆင့်မြင့်ဆေးရုံကြီး တစ်ခုလိုတောင်ဖြစ်နေသေးသည်။
Darkက တကယ်ကိုသီးခြားနိုင်ငံငယ်တစ်ခုလိုမျိုး မူရင်းနိုင်ငံထဲက ခွဲထွက်နေတဲ့ တည်နေရာတစ်ခုပင်။
နှိုင်းလပြည့်ကို ကုသပေးနေတဲ့ အခန်းနံပါတ်မှာ 55ဖြစ်ကာ ထိုအခန်းက အဆောင်ကြီး၏ တတိယအထပ်မှာတည်ရှိသည်။
မှိုင်းနှင့်ဟန်နီ ထိုအခန်းကိုရှာတွေ့တော့ အခန်းရှေ့ လူနာစောင့်ခုံတွင်ထိုင်နေသော Lightအားတွေ့လိုက်ရသည်။
ဒဏ်ရာဒဏ်ချက် တစ်စုံတစ်ရာမရှိဘဲ ခုံပေါ်တွင်ထိုင်နေသည့် Lightကိုမြင်ရမှ မှိုင်းအသက်ဖြောင့်ဖြောင့်ရှူနိုင်တော့သည်။ကိုနှိုင်းတိုက်ခိုက်ခံရတာလို့ သတင်းကြားရတာတောင် အကြောင်းအမျိုးမျိုးကြောင့် သူ့မှာLightကို ပိုစိတ်ပူနေခဲ့ရ၏။
အဲ့အဆိုးကောင်ကို သူအရေးမပေးဘဲ နေလို့မှမရတာ။
ဒါပေမယ့် Lightဘာမှမဖြစ်တာကိုမြင်ရတော့လည်း သူစိတ်ထဲထူးဆန်းသွားပြန်သည်။ဘာလို့ကိုနှိုင်းက အဲ့လောက်ဒဏ်ရာရသွားတာလဲ။ဟိုဂိုဏ်းက လုပ်မယ်ဆိုလည်း Lightရော၊ကိုနှိုင်းကိုရော တိုက်ခိုက်မှာ မဟုတ်ဘူးလား။
"ကိုနှိုင်း ဘယ်လိုနေသေးလဲ"
မှိုင်းက ခုံပေါ်မှာထိုင်နေတဲ့ Lightကို ငုံ့ကြည့်ကာမေးလိုက်တော့ Lightက အမူရာသေမျက်နှာ၊အရေးမစိုက်သော မျက်လုံးတွေဖြင့် ပြန်ကြည့်လာပြီး ဖြေ၏။
"မသေသေးဘူး"
ဟန်နီ"...."
မှိုင်း"....."
ရိုက်လိုက်တာ မင်းလားလို့တောင် သံသယဝင်လာပြီ။
YOU ARE READING
Ideal Partners 2