Uni
~ဒီညမင်းနဲ့အိပ်မယ်~
အိပ်တာများလွန်းလို့ မအီမသာဖြစ်နေတဲ့ ခံစားချက်ကြီးကြောင့် ပြန်နှိုးလာတာနဲ့ မှိုင်းမျက်မှောင်ကျုံ့လိုက်မိသည်။
ခန္ဓာကိုယ်က ပင်ပန်းလွန်းနေလို့ အိပ်ပျော်လွယ်နေပေမယ့် ဗိုက်ထဲအစာမရှိတာကြောင့် နှိုးလာတာနဲ့ ခေါင်းမူးတာနှင့်ဗိုက်ဆာတာပေါင်းပြီး သူတော်တော်လေးကို ခံရခက်နေ၏။
ကိုယ့်ဘာသာကိုယ် ထကြည့်ဖို့ကြိုးစားလိုက်တော့လည်း...
"အာ့!"
လူကပါမိုက်ခနဲဖြစ်သွားတာကြောင့် ခပ်တိုးတိုးငြီးငြူလိုက်မိကာ အိပ်ယာပေါ် အရုပ်ကြိုးပြတ် ပြန်လဲကျသွားရပြန်သည်။
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျမှုကြောင့် ဒေါသတွေလည်း အချိန်မဟုတ်မခါမဟုတ် ထွက်ပေါ်လာရပြီ။အခုလက်ရှိ ခံစားချက်ကတော့ မြင်သမျှလူကို သရဲထင်ပြီး အော်ဟစ်ပစ်လိုက်ချင်တော့တာပဲ။
"နှိုးလာပြီလား"
တိတ်ဆိတ်နေသော အခန်းထဲ ရုတ်တရက်ကြားလိုက်ရတဲ့ အမေးစကားသံကြောင့် မှိုင်းခန္ဓာကိုယ်တောင် တုန်သွားရကာ ကြက်သီးတွေကလည်း တဖြန်းဖြန်းထသွား၏။
သူအသံလာရာကို လှည့်ကြည့်လိုက်မိတော့...
"ဆရာ!"
နီးကပ်လွန်းနေတဲ့ ဆရာရဲ့မျက်နှာက ကြည့်ကောင်းနေပေမယ့်လည်း မှိုင်းကတော့ ခုနကခံစားချက်အတိုင်း မြင်သမျှလူကို သရဲထင်ပြီး အော်ဟစ်ပစ်ချင်နေတာမို့ ခေါ်လိုက်တဲ့ အသံလည်း အတော်ကိုကျယ်သွားပါသည်။
မှိုင်းအသံကျယ်သွားတာကြောင့်လား...သူ့နဂိုပုံစံကြောင့်ပဲလား သေသေချာချာ မသတ်မှတ်နိုင်ပေမယ့်...သွေးရိုင်းက ကုတင်နားကပ်ကာ မှိုင်းကိုနီးနီးကပ်ကပ် ငုံကြည့်နေရာမှ ကိုယ်ကိုမတ်မတ်ပြန်ရပ်လိုက်ပြီး နွေးထွေးစွာပြုံးပြလာ၏။
"သက်သာရဲ့လား...အရမ်းနာနေရင် ဆေးရုံသွားရအောင်"
မေးလာတဲ့ စကားအရ...ဒီဆရာ ဘယ်ချိန်ကတည်းက ရောက်နေတယ်ဆိုတာ သူရိပ်မိသွားပါပြီ။သူမနှိုးခင်ကတည်းက ရောက်နေတာပဲ။ခုနက သူထထိုင်ဖို့ ကြိုးစားနေတာကို ဒီတိုင်းကြည့်နေပြီး မရဘဲ ပြန်လဲကျသွားတာကိုတွေ့လိုက်ရမှ အရမ်းနာနေရင် ဆေးရုံသွားရအောင်လို့ ပြောလာတာ။
YOU ARE READING
Ideal Partners 2