Part-22(U+Z)

61 12 78
                                    

Uni

~Massion ပြီးဆုံးသွားခြင်း~

ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပြင်းပြခဲ့ဖူးပါသလား။

မရှိခဲ့လောက်ဘူးပေါ့...။ပုံမှန်အသိစိတ်ရှိတဲ့လူတိုင်းက ကိုယ့်ကိုကိုယ် နာကျင်စေချင်တဲ့စိတ်မျိုး ဘယ်ရှိနိုင်ပါ့မလဲ။လူတွေဟာ မနာကျင်ချင်တော့လို့ပဲ သတ်သေကြတာမလား။

တကယ်တော့ သတ်သေသွားတဲ့လူတိုင်းဟာ မသတ်သေချင်ခဲ့ပါဘူး...။ဒီရက်စက်တဲ့လောကကြီးကနေ ထွက်ခွာနိုင်ဖို့ သူတို့ကို လက်ကမ်းပေးခဲ့တာ သေခြင်းတရားအပြင် အခြားဘာမှ ထပ်မရှိတော့လို့သာ...။

လရောင်ဆူး....နှောင်းဦးမဟာနွေ။

နှောင်းဦးမဟာနွေဟာ ဘယ်ချိန်ကတည်းကစပြီး လရောင်ဆူးဖြစ်ခဲ့ရသလဲ...သူကိုယ်တိုင်တောင် တိတိကျကျမမှတ်မိတော့ပေ။

လူမဆန်တဲ့ဂေဟာကို စရောက်ခဲ့ချိန်ကများလား၊လူလို့တောင် မသတ်မှတ်နိုင်တော့တဲ့ မကောင်းဆိုးဝါးက သူ့ကိုစတင်မွေးစားလိုက်ချိန်ကလား၊အတိတ်က နာကျင်စေခဲ့သူအားလုံးကို ကလဲ့စားပြန်ချေခဲ့တဲ့ အချိန်ကလား၊မကောင်းဆိုးဝါးရဲ့ အမိန့်တွေကို စတင်နာခံခဲ့ချိန်ကလား...ဘယ်အချိန်ကစပြီး သူ့လက်တွေညစ်ပတ်ခဲ့တာလဲ။ဘယ်အချိန်ကစပြီး လောကကြီးတစ်ခုလုံးက သူ့ရန်သူတွေဖြစ်သွားခဲ့ပါသလဲ။မမှတ်မိ...သူတကယ် မမှတ်မိနိုင်တော့ပါချေ...။

နှောင်းဦးမဟာနွေရဲ့နာကျင်မှုတွေကို ကုစားပြီးချိန်မှာတော့ သူ့စိတ်နှလုံးဟာ ဘာကိုမှမခံစားနိုင်တော့ပေ။အဖြစ်ပျက်တိုင်းအတွက် သူ့ခံစားနိုင်မှုက ဗလာနတ္ထိ။အချိန်ကြာလာတာနဲ့အမျှ သူ့စိတ်ဝိဥာဥ်ဟာလည်း ဘယ်အရာကိုမှ ပိုင်ဆိုင်နိုင်စွမ်းမရှိတော့ပါ။

ဘာမှကောင်းကျိုးမပေးတော့တဲ့ လောကကြီးထဲက ထွက်ခွာသွားဖို့ တွေးမိလိုက်တိုင်းမှာ သူလူတစ်ယောက်ကိုသာ စူးနင့်နေအောင် သတိရလာမိသည်။

ဒီလောကကြီးထဲမှာ သူပြန်ပေးဆပ်ရမယ့် တစ်စုံတစ်ယောက်တော့ ရှိနေသေး၏။

အတွေးထဲပါလာရုံလေးနဲ့တောင် ဗလာနတ္ထိဖြစ်နေတဲ့ သူ့စိတ်နှလုံးကို နေရာအပြည့်ဖြည့်ပေးနိုင်သည့်သူ...လူတောင်မဟုတ်တော့ဘူးလို့ တွေးမိတိုင်း အဲ့ဒီလူကိုသတိရလွမ်းဆွတ်မိတဲ့ စိတ်ကလေးကသာ လူသားဆန်နေဆဲပါလားဆိုတဲ့ အသိပြန်ဝင်စေတာ...။

Ideal Partners 2Where stories live. Discover now