Uni
~အပေးအယူ~
သွေးညှီနံ့တွေဟောင်ထနေတဲ့ ခပ်မှောင်မှောင် အခန်းထဲဝယ်....တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့် တစ်စုံတစ်ယောက်၏ ကြောက်ရွံ့ထိတ်လန့်မှုများ ထင်ဟပ်နေသော ပင့်သက်ရှိုက်သံတို့က ပဲ့တင်ထပ်နေ၏။
"မလုပ်ပါနဲ့...ငါ...ငါ..တောင်းပန်ပါတယ်...ဘာလိုချင်တာလဲ ငါအကုန်ပေးနိုင်တယ်...မသတ်ပါနဲ့...ငါမင်းအပေါ်ဘာအမှားမှ မလုပ်ခဲ့ဖူးဘူးလေ"
ယောကျာ်းကြီးတစ်ယောက်ဖြစ်သည့်တိုင် အသည်းငယ်စွာ အကြောက်ကြောက်အလန့်လန့်ဖြင့် ပြောနေတဲ့စကားသံတို့က ခုံပေါ်မှာထိုင်နေသော လရောင်ဆူးရဲ့မျက်နှာကို အပြုံးရိပ်ထင်ဟပ်လာစေသည်။
ချိုမြိန်ပါသည်...အကြည့်မလွဲချင်လောက်အောင်လည်း လှပကြော့ရှင်းနေပါသေး၏။ သို့သော်....
"အမှားလား...အင်း...မမှားခဲ့ဖူးပါဘူး...ခံစားချက်တွေကို အကြောင်းပြလိုက်ရင် အမှားဆိုတာ ဘယ်မှာရှိတော့လို့လဲ...ဟုတ်တယ်မလား...သေချာအပြည့်ဝနားလည်တာပေါ့"
မျက်နှာမှာညင်သာတဲ့အပြုံးကို ချိတ်ဆွဲထားပေမယ့်လည်း ပြောလာတဲ့ လရောင်ဆူးရဲ့ စကားတွေကြောင့် အန္တရာယ်အငွေ့သက်တွေကို ကြမ်းပြင်ပေါ်၌ ခြေတစ်ဖက်ကို အစိမ်းလိုက်အချိုးခံထားရသည့်လူက ခံစားနေရသည်။
သူ့တစ်ကိုယ်လုံးကလည်း သွေးသံတရဲရဲဖြစ်နေပြီး စုတ်ပြတ်နေပြီ။ခြေတွေလက်တွေကလည်း အကောင်းတိုင်းမရှိတော့။
ဒီအခြေနေက သူလွတ်ရောလွတ်မြောက်နိုင်ပါ့မလား။အခုချိန်မှာ သေမင်းက သူ့ရှေ့ကမိန်းမနဲ့ပူးပေါင်းထားတာ သေချာနေပြီ။ဒါပေမယ့် သူ...သူတကယ်မသေချင်သေးဘူးလေ။
ခုံပေါ်မှာထိုင်နေတဲ့ လရောင်ဆူးက သူ့ခြေထောက်နားမှာ ယိုယွင်းစွာလဲပုံကျနေသော လူကို ခဏလောက်အမူရာကင်းမဲ့စွာ စိုက်ကြည့်နေသည်။
ထို့နောက် ကိုယ်ကိုငုံ့ကိုင်းချလျက် ပြုံးပြရင်း ပြောလာ၏။
"မသေချင်ဘူးမလား...ဒါဆို ငါမေးတာမှန်အောင်ဖြေနိုင်ရင် လွတ်ပေးမယ်လေ..လွယ်လွယ်လေးမေးမှာပါ"
YOU ARE READING
Ideal Partners 2