Part-19(U+Z)

52 6 32
                                    

Uni

~စတင်ခြင်း~

5.3.2014
၂၀၁၄ခုနှစ်၊မတ်လ၅ရက်နေ့ ။(လွန်ခဲ့သော၇နှစ်)

ဟန်နီတစ်ယောက် သူရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အား ခေါင်းလေးကို360°ပတ်ပတ်လည်လျက် လိုက်ကြည့်နေ၏။

သူ့ဖေဖေနဲ့မေမေက ကွာရှင်းထားတာကြာပြီဖြစ်သည်။ကွာရှင်းပြီးနောက် သူ့ကိုမေမေကခေါ်သွားကာ ဖေဖေကတော့ အရမ်းချမ်းသာတဲ့ ကလေးတစ်ယောက်အမေ သူဌေးမတစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုခဲ့သည်။

လွန်ခဲ့သော 1ပတ်လောက်က မေမေဆုံးသွားတာမို့ ခိုနားစရာရင်ခွင်မဲ့သွားသော သူ့အား ဖေဖေကပြန်လာခေါ်ခဲ့သည်။

ဖေဖေပြောပြတာကတော့ ဖေဖေရဲ့နောက်အိမ်ထောင်ဖြစ်တဲ့သူဌေးမကလည်း ဆုံးသွားတာ1နှစ်ကြာပြီတဲ့လေ။

တစ်ခါမှမမြင်ဖူးသော ခမ်းနားတဲ့အိမ်ကြီးထဲ စဝင်လိုက်တာနဲ့ ကလေးငယ်ပီပီ ကြောက်ရွံ့တဲ့စိတ်ကို ခံစားလိုက်ရတာကြောင့် ဖေဖေ့လက်ကို သူဆုပ်ကိုင်ထားမိသည်။

အလုပ်သမားတွေအများကြီးနှင့် ကျယ်ဝန်းပြီးပန်းမျိုးစုံတွေစိုက်ပျိုးထားတဲ့ ဥယျာဥ်လှလှပါရှိသောအိမ်မျိုးကို သူပုံပြင်ထဲမှာပဲ ရင်းနှီးခဲ့ဖူးတာ။သူ့ရဲ့14နှစ်သက်တမ်းမှာ ဒီလိုမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ဘူးလေ။

အိမ်ထဲကိုရောက်တော့ ပြုံးသည်မဟုတ် မဲ့သည်မဟုတ်တဲ့ မျက်နှာထားနဲ့လူကြီးတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် ဟန်နီသူ့ရဲ့ခန္ဓာကိုယ်သေးသေးလေးကို ဖခင်နောက် ကွယ်ဝှက်လိုက်မိသည်။

ထိုလူက အိမ်တော်ထိန်းလို့ ဖေဖေကမိတ်ဆက်ပေးလာသည်။

ထိုစဥ် အပေါ်ထပ်မှဆင်းလာသော ခြေသံပြင်းပြင်းကို ကြားလိုက်ရတာကြောင့် ရှည်လျားသော ကြောင်လိမ်လှေကားကြီးဆီသို့ သူအလိုလိုမော့ကြည့်မိသွား၏။

အဲ့ဒီအချိန်က ဆင်းလာတဲ့လူကို မြင်လိုက်ရချိန် သူဘယ်လိုခံစားခဲ့ရလဲ။တိတိကျကျတော့ ဖော်မပြတတ်။

အဲ့ဒီတုန်းက သူပါးစပ်လေးအဟောင်းသား ဖြစ်သွားခဲ့သည်။

ဆင်းလာသူက သူ့ထက်ငယ်မယ့် လူတစ်ယောက်က။....လှတယ်...လှလွန်းလို့ လမ်းလျှောက်တတ်တဲ့ အရုပ်လေးတစ်ရုပ် ဆင်းလာတယ်လို့တောင် သူထင်သွားခဲ့သေးတာ။

Ideal Partners 2Where stories live. Discover now