Uni
~heroရဲ့တောင်းဆိုချက်~
လွန်ခဲ့သော 3နှစ်ခန့်....။
27.5.2018(5:34PM)
၂၀၁၈ခုနှစ်၊မေလ၂၇ရက်၊ညနေ၅နာရီ၃၄မိနစ်။မိုးဦးကျရာသီမို့ ညနေဘက်တွေဆို ရာသီဥတုက အုံ့မှိုင်းလာပြီး မိုးရနံ့သင်းသော လေပြင်းတွေကလည်း အဆက်မပြတ်တိုက်ခိုက်နေပြန်သည်။
နှစ်အတန်ကြာသည်အထိ ကောင်းစားနေခဲ့သော အသေးစားဂိုဏ်းတစ်ခုသည် ထိုညနေတွင်တော့ တစ်စုံတစ်ရာရဲ့တိုက်ခိုက်မှုကြောင့် မည်သည့်တုံ့ပြန်နိုင်သည့် အခွင့်ရေးလေးမှ မရှိခဲ့ဘဲ ၎င်းတို့၏နိဂုံးသို့ ရောက်ရှိကုန်၏။
ဂိုဏ်းရဲ့အသိုက်အဖွဲ့နေရာမှာလည်း ဂိုဏ်းသားတို့၏သွေးတို့က နေရာအနှံ့ဖြန်းပက်ခံထားရလျက် ခြောက်ခြားဖွယ်ရာအတိဖြစ်နေ၏။လူအယောက်20ကျော်ရဲ့ ရုပ်အလောင်းတွေက တစ်နေရာထဲ၌စုပုံနေတာ စျေးထဲမှာငါးတွေကို လင်ဗန်းထဲထည့်ပုံထားသလို သွေးသံတရဲရဲ အပုံလိုက်ကြီး။
မှိုင်းသည် ထိုသွေးပျက်ဖွယ်မြင်ကွင်းကို ကြောက်တာမှန်ပေမယ့် သူ့ကိုအခြားခံစားချက် တစ်မျိုးက ပိုစိုးမိုးထားလေသည်။
လွတ်လပ်ခြင်း...။
သူထိုလူတွေလက်ကနေ အမှန်တကယ် လွတ်လပ်ခွင့်ရသွားပြီ။
မလုပ်ချင်ခဲ့သော တစ်ပါးသူအိမ် ကျူးကျော်ဝင်ရောက်ခိုးယူရတာမျိုး၊ပိုင်ဆိုင်ခြင်းကို ထိန်းသိမ်းတဲ့အနေနဲ့ တစ်ပါးသူခပ်ထားတဲ့ သော့တွေကို ဖွင့်ပေးရတာမျိုး သူထပ်မလုပ်ရတော့ဘူး။
တစ်ခါတစ်လေ သူ့ဘဝကိုသူ မေးခွန်းထုတ်မိသေးသည်။သူ့အသက်က အခုမှဘယ်လောက်ရှိသေးလို့လဲ...။14နှစ်...သူအခုမှ14နှစ်ပဲရှိသေးတာ။သောက်ပြဿနာတွေကျ သူ့ဘဝမှာဘာလို့14ခုမက လာရှိနေရတာလဲ။ကံကြမ္မာဆိုတာကလည်း သောက်ကျိုးနည်းကို မနိုင်ဝန်ထမ်းခိုင်းနေတော့တာပဲ။နိုင်မှန်းမသိ မနိုင်မှန်းမသိ လူကိုအားမနာပါးမနာ သောက်ပြဿနာတွေပဲ စုပုံပေးနေတော့တာ။
သူ့အသက် 7နှစ်အရွယ်မှာ သူ့မိဘနှစ်ပါးလုံးက ကားမှောက်ပြီး ဆုံးသွားခဲ့တယ်။ပြီးတော့ သူတို့ပိုင်ဆိုင်တဲ့ အမွေတွေကိုဦးလေးကလက်ဝါးကြီး အုပ်သွားတာခံလိုက်ရတယ်။အဲ့ဒီဦးလေးကကျောင်းတော့ ထားပေးပါရဲ့။မထားပေးလို့လည်းမရဘူးလေ...။အဲ့ဒီဦးလေးက သူ့ကိုစောင့်ရှောက်ပေးနေတာပါဆိုတဲ့ သောက်ကျိုးနည်းအလိမ်အညာ အကြောင်းပြချက်ကြီးနဲ့ သူ့ပိုင်ဆိုင်မှုတွေကို စိတ်ကြိုက်ဖြုန်းနေခဲ့တာကိုး...။ဒါကြောင့် လူမြင်ကောင်းအောင် ကျောင်းတော့ထားပေးတာပေါ့။
YOU ARE READING
Ideal Partners 2