Part-24

208 19 52
                                        

Uni

19.7.2021
9:32AM

အချိန်ဟာ အရာရာတိုင်းကို ကုစားနိုင်တဲ့ အကောင်းဆုံးသမားတော် ဆိုတဲ့အတိုင်း မှိုင်းရဲ့ ခန္ဓာကိုယ်ကလည်း အရင်ကလို စိတ်သွားတိုင်းကိုယ်ပါပြန်ဖြစ်လာခဲ့ပြီ။

အဆောင်မှာ အိပ်ချိန်ကလွဲပြီး တွေ့ဖို့တောင်မလွယ်တဲ့ Lightကတော့ အခုလည်း ဘယ်ရောက်နေပြန်လဲမသိ။

စိတ်ကူးပေါက်ရင် အနားလာပြီး အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်ပေမယ့် အဲ့လိုဂရုစိုက်ပေးနေရင်းနဲ့ ချက်ချင်းကြီး စိတ်ပြောင်းပြီး အေးတိအေးစက်ဖြစ်သွားကာ ထွက်သွားတတ်သည့် Lightမှာ ကိုယ်တူစိတ်ခွဲများဖြစ်နေသလားလို့ သူတစ်ခါတစ်ခါ တွေးမိသေးသည်။

အခုတောင် နေမကောင်းတုန်းက ဝတ်ခဲ့သော အဝတ်တွေကို လျှော်နေရင်းနဲ့ အဲ့ဒီအကြောင်းကိုပဲ သူတွေးနေမိ၏။

Lightတစ်ယောက် ဘာလို့ သူ့အပေါ်ကောင်းလိုက်၊ချက်ချင်းကြီး အေးစက်သွားလိုက် ဖြစ်နေရသလဲ...သူဘယ်လိုတွေးတွေး နားမလည်နိုင်ပေ။

အဝတ်တွေလျှော်ပြီးလို့ ရေညစ်ပြီးလှန်းနေချိန်ရောက်တောင် သူ့မှာအဲ့ဒီအကြောင်းရာနဲ့ပတ်သက်ပြီး တွေးနေမိတုန်းပဲ။

အဆောင်ရှေ့မှာ သူအဝတ်လှန်းနေတုန်း လူရိပ်တစ်ခုကို ဖြတ်ကနဲမြင်လိုက်ရချိန်မှ ထိုအတွေးစတို့က ပြတ်တောက်ကုန်ကာ ထိုလူရိပ်ကို ကြည့်လိုက်မိသည်။

"ကိုနေ့"

နေ့လဆန်းက မှိုင်းကို ခေါင်းညိတ်ပြုံးပြနှူတ်ဆက်လိုက်ရင်း အနားသို့လျှောက်လာရင်း ဂရုတစိုက်နဲ့မေးလာသည်။

"သက်သာရဲ့လားမှိုင်း"

"ဟုတ်ကဲ့ နာတာမရှိတော့သလောက် သက်သာနေပါပြီ...ကိုနေ့တို့ရော Massionပြီးသွားပြီလား"

မှိုင်းပြန်မေးပြီးချိန်မှာ နေ့လက အနားရောက်လာပြီဖြစ်ပြီး သူက အဝတ်လျှော်ခွက်ထဲက မလှန်းရသေးသော အဝတ်ရေစိုတို့ကို ရေညစ်ကူလာရင်းနဲ့ ပြန်ဖြေလေသည်။

"အင်း...ပြီးသွားတာတော်တော်ကြာနေပြီ ဆေးရုံမှာ နှိုင်းကိုလူနာစောင့်လုပ်ပေးနေလို့ မှိုင်းဆီသတင်းလာမမေးဖြစ်တာ...စိတ်မဆိုးနဲ့နော်"

Ideal Partners 2Where stories live. Discover now