Part-20(U+Z)

71 6 23
                                        

Uni

~လွဲမှားခြင်းများ~

"ဟန်နီလေးသနားပါတယ်...မမလေးက တကယ်ကြောက်ဖို့ကောင်းတယ်"

ဟန်နီရဲ့အခန်းရှေ့မှာ ရပ်နေမိတုန်း အိမ်အကူအချို့က တီးတိုးပြောဆိုပြီးထွက်လာတာကြောင့် မဟာနွေအံကြိတ်လိုက်မိသည်။

သူမလုပ်ခဲ့တဲ့အလုပ်ကို စွပ်စွဲပြောဆိုခံရတာလောက် ဒေါသထွက်ရတာမရှိ။သို့သော်လည်း သူ့ကိုမြင်တာနဲ့ လန့်ဖြတ်ကာ ချက်ချင်းဖြတ်ကျော်ရှောင်ပြေးသွားသော အိမ်အကူတွေအား သူဘာတစ်ခွန်းမှမပြောဘဲ ဒီတိုင်းရပ်နေမိသည်။

ဟန်နီအခန်းရှေ့မှာမို့ ပြဿနာကြီးအောင် သူမလုပ်ရက်ပါ။

အခန်းထဲဝင်သွားလိုက်တာနဲ့ အိမ်တော်ထိန်းနှင့်ဦးယုမောင်က ကုတင်ပေါ်မှာအိပ်နေသော ဟန်နီကို ကြည့်နေကြတာတွေ့ရသည်။

သူဝင်လာတာကို သတိထားမိသွားကြချိန်...အဲ့ဒီနှစ်ယောက်က သူ့ကိုထူးဆန်းသော မျက်လုံးတွေနဲ့ ကြည့်လာကြတာကို သတိထားမိလိုက်၏။

အိမ်တော်ထိန်းက သူ့အနားအမြန်လျှောက်လာ၍...

"ကျွန်တော်ပြောခဲ့တယ်လေ မမလေးရယ် ဟန်နီ့ကိုမုန်းတယ်ဆိုရင်တောင် ကိုယ်ထိလက်ရောက်နာကျင်အောင်တော့ မလုပ်မိစေနဲ့လို့"

မဟာနွေ အိမ်တော်ထိန်းအား ခပ်စိမ်းစိမ်း ပြန်ကြည့်မိသည်။

ဘာတွေဖြစ်နေတာလဲ သူမသိတော့။သူက ဟန်နီကို ထိခိုက်အောင်လုပ်စရာ ဘာအကြောင်းများ ရှိလို့လဲ။

"ဘာတွေလာပြောနေတာလဲ ကျွန်မ မလုပ်ဘူး"

ခပ်မာမာပြန်ငြင်းဆိုလိုက်ပြီးနောက် ကုတင်ပေါ်မှာ လဲလျောင်းနေသော ဟန်နီထံသို့သာ သူသွားလိုက်တော့သည်။

"မဟာနွေ...မင်းအရမ်းကိုတရားလွန်သွားပြီ...ဟန်နီကမင်းကိုဘာများလုပ်ဖူးလို့လဲ...မင်းအပေါ်မကောင်းတဲ့အပြုမူမျိုးတောင် ရှိဖူးလို့လား...ဟမ်!...ဘာလို့ဒီလောက်ထိလုပ်ရတာလဲ"

ဒေါသတကြီးပြောဆိုလာတဲ့ ဦးယုမောင်ရဲ့စကားအဆုံး...မဟာနွေ လည်ပင်းကြောတွေကလည်း တင်းကနဲ။

Ideal Partners 2Where stories live. Discover now