"ယောန်ဂျွန်းနီးဟျောင်း....."
ဂျူတီပြီးရင်ဆေးရုံနားကကော်ဖီဆိုင်ခဏဝင်ခဲ့ပါဦးဆိုတဲ့ မေမေ့ရာဇသံကြောင့် ဂျူတီပြီးပြီးချင်းအိမ်တန်းမပြန်ပဲ နီးစပ်ရာ ကော်ဖီဆိုင်ကိုပြေးကာမေမေတို့ဆီကိုဝင်ရေလသည်။ကော်ဖီဆိုင်လေးအတွင်းဝင်လိုက်တာနဲ့ ကြားလိုက်ရတဲ့အသံသေးသေးလေးကြောင့် အသံလာတာကိုကြည့်ရင်း ယောန်ဂျွန်း တစ်ချက်ပြုံးလိုက်မိတယ်။
"အိုက်ဂူး ဘယ်သူပါလိမ့်လို့ ကိုကို့ကြောင်ပေါက်ကလေးလည်းပါလာတာပဲ"
"ဂျောင်ဝန်းနီးက ကိုကို့ကို များကြီးလွမ်း"
မေမေမှာပေးထားပုံရတဲ့ ချောကလက်ကိတ်ကို စားရင်း လွမ်းကြောင်းပြောလာတဲ့ ဂျောက်ဝန်းနီးဟာ ယောန်ဂျွန်းအတွက်တော့ ချစ်စရာကြောင်လေးလိုပင်။
"ကိုကိုကလည်း ကိုကို့ကြောင်ပေါက်လေးကိုလွမ်းပါတယ်ဗျာ။ အခုရော ဘယ်ကဘယ်လိုရောက်လာကြတာလဲ"
ဂျောင်ဝန်းနီးကိုအရင်နှုတ်ဆက်ပြီးမှ ဘေးက မေမေ့ဖက်ကိုလှည့်ပြီး စကား စ လိုက်တာကြောင့် မေမေကစိတ်ကောက်ဟန်ဆောင်ကာ မျက်စောင်းနုနုထိုးလေသည်။
"အခုမှ အမေကိုသတိရပြီး လူဆိုးလေး မေမေဘာပြောထားလဲ"
"မေမေကလည်း အိမ်မလာဖြစ်ပေမဲ့ ယောန်ဂျူးနီးက မေမေတို့ကိုသတိရပါတယ်"
မေမေ့ဖက်တိုးကာ မေမေ့ရင်ခွင်ထဲ ကြောင်လေးတွေချွဲသလိုကပ်ချွဲမိတော့ မေမေကရီလေတယ်။
"သွားပါ အခုမှလာကပ်ချွဲမနေပါနဲ့ အခုမေမေကပြောစရာရှိလို့"
ပြောစရာရှိတာ ဆက်မပြောပဲ သားဖြစ်သူရဲ့ မျက်နှာ အခြေနေကို ကြည့်ပြီးရပ်သွားတာကြောင့် ဆက်ပြောလို့ရကြောင်း ခေါင်းလေးငြိမ့်ပြမိတော့မှ မေမေကဆက်ပြောလာလေတယ်။
"ဒီရက်ပိုင်း တစ်ရက် နှစ်ရက်လောက်ပဲသားက ဂျောင်ဝန်းနီးကိုခဏခေါ်ထားပေးပါလား"
"ခေါ်ထားတာကခေါ်ထားပေးလို့ရပါတယ် မေမေရဲ့ ဒါပေမဲ့ သူ့အမေကရောခွင့်ပြုရဲ့လား"
"ဂျောင်ဝန်းနီးမိဘတွေက ဒီရက်ပိုင်း ပြဿနာတက်နေကြတာမလို့ မေမေက ကလေးကလည်း ငယ်သေးတော့ မိဘတွေပြဿနာဖြစ်နေတာခဏခဏမြင်ရင် ကလေးစိတ်ဒဏ်ရာရသွားမှာစိုးလို့ အိမ်ဖက်ခေါ်ထားဖြစ်နေတာကြာပြီ အခုလည်းမေမေကရုတ်တရက်ကြီး မင်းအဖေနဲ့၂ရက်လောက်ခရီးလိုက်သွားပေးရမှာမလို့ သူ့အမေဆီကိုလည်း မေမေပြောပြီးပါပြီ သူ့အမေကတောင်အားနာနေတာ"
