တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ် မင်္ဂလာဆောင်ပွဲလေး မကျင်းပနိုင်ဖြစ်သေးပေမဲ့ ဒီနေ့နှစ်သစ်ကူးနေ့မလို့ ရည်းစားလေးနဲ့ ဒိတ်မှာမလို့ မနက်ကခင်းကတည်းက ယောန်ဂျွန်းစိတ်တွေကပုံမှန်ထက်ပိုပြီး ကြည်လင်နေခဲ့တယ်။
ခါတိုင်းနေ့ထက်လည်း ဒီနေ့ရဲ့မနက်ခင်းနေရောင်ခြည်ကအစ ငှက်ကလေးတို့ရဲ့ အော်သံအဆုံး မြင်ရကြားရသမျှအကုန်က ယောန်ဂျွန်းအတွက်တော့ စိတ်ချမ်းမြေ့စရာတွေချည်းပါပဲ။*တီးတောင်......တီးတောင်*
ရေချိုးပြင်ဆင်လို့အပြီး အခန်းထဲကထွက်လာတဲ့အခါ ကွက်တိမြည်လာတဲ့ ဘဲလ်သံကြောင့် ဆူဘင်းများ စောရောက်လာတာလားဆိုတဲ့စိတ်နဲ့ အပြေးသွားဖွင့်မိတော့ တံခါးရှေ့မှာရပ်နေသူက ဆူဘင်းမဟုတ်ပဲ ယောန်ဂျွန်း မေမေဖြစ်နေလေသည်။မေမေတစ်ယောက်တည်းဆိုလားဆိုတော့လည်း မဟုတ် မေမေ့လက်ကိုဆွဲထားတဲ့ ကလေးသေးသေးလေးပါ ပါလာသေးတယ်။"ဟင် မေမေ ဘယ်ကဘယ်လိုရောက်လာတာလဲ"
"မေမေရဲ့တစ်ဦးတည်းသော သားလေးက မေမေ့ဆီမလာတော့ လွမ်းတဲ့ ဒီမေမေကပဲ မနေနိုင်တဲ့အဆုံးလိုက်လာရတာပေါ့ရှင်"
"ဒါများမေမေရယ် ဖုန်းဆက်လိုက်ပါရောလား အဲ့ဆိုသားကလာမှာပေါ့ ဒါနဲ့ ဒီကလေးလေးက"
"အဲ့လိုခေါ်မှပဲလာမှာသိလို့ မခေါ်ဝောာ့ပဲ မေမေကိုယ်တိုင် လိုက်လာရတာလေ ဒါကဘေးအိမ်က ကလေးလေးလေ သူ့အမေတွေအပြင်ခဏသွားလို့ အိမ်ကိုခဏလာအပ်ထားတာနဲ့ ခေါ်လာလိုက်တာ ဝန်းဝန်း ကိုကို့ကိုနှုတ်ဆက်လိုက်ဦးလေ"
"မင်္ဂလာပါ ယန်ဂျောင်ဝန်းလို့ခေါ်ပါတယ်ဗျ"
မေမေ့စကားဆုံးတာနဲ့ နာမည်လေးသေချာပြောပြီး ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လာတဲ့ လိမ္မာတဲ့ကလေးလေးကြောင့် ယောန်ဂျွန်းတစ်ေယာက် မပြုံးပြမနေနိုင်။
"ဂျောင်ဝန်းနီး အသက်ဘယ်လောက်ရှိပြီလဲ"
"၅နှစ်"
လက်လေး၅ချောင်းထောင်ပြီး သေချာပြန်ဖြေလာတာမလို့ အူယားစွာ ပါးလေးဆွဲညှစ်မိတဲ့အခါ ပြုံးပြလာတာမလို့ သေချာကြည့်မိတော့ ဆူဘင်းနီးလို ပါးချိုင့်လေးပါ ပါမှန်းသိရပြန်တယ်။
