လူသူကင်းရှင်းပြီး ကျယ်ပြန့်လှတဲ့ မြက်ခင်းပြင်ပေါ်မှာ မမောနိုင်မပန်းနိုင် ပြေးလွှားပြီးဆော့နေကြတဲ့ ကောင်လေး၂ယောက်။
ပြေးနေတဲ့အချိန်ဟာ ဘယ်လောက်ကြာသွားလဲဆိုတာ မခန့်မှန်းနိုင်လောက်တဲ့အထိ ပြေးလွှားဆော့ကစားနေတာကြောင့် ခဏအမောဖြေဖို့ မြက်ခင်းပြင်ပေါ်လှဲအိပ်ကာ အသက်ကိုဝဝလင်လင်ရှူရင်း တစ်ယောက်မျက်နှာ တစ်ယောက် အကြောင်းရင်းမရှိငေးကြည့်နေမိတယ်။"ကိုကို့ကိုနမ်းချင်တယ်" ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာတဲ့ အသံကြောင့် တစ်ဖက်လူကတစ်ချက်ပြုံးရင်း လှဲနေကနေ ထကာ အပေါ်ကနေအုပ်နိုးရင်း မျက်နှာနားကိုနီးကပ်လာတာကြောင့် သူကလည်းအလိုက်တသိမျက်လုံးတွေကိုမှိတ်ထားပေးမိတယ်။
"အားးးး ချွဲဆူဘင်းး!!!!"
နှုတ်ခမ်းသား၂ခု ထိစပ်ဖို့ 3cmလောက်အလိုမှာ ကျယ်လောက်စွာထွက်ပေါ်လာတဲ့အသံကြောင့် လန့်ပြီး မျက်လုံးဖွင့်ကြည့်မိတော့ စောစောကမြင်ခဲ့ မြက်ခင်းပြင်ရော ကိုကိုရောဟာ ပျောက်ကွယ်သွားပြီး အဲ့အစား ရင်းနှီးနေတဲ့သူ့အိပ်ခန်းနဲ့ ရင်းနှီးနေပြီးသားမျက်နှာကြောင့် စောစောကမြင်တွေ့ခဲ့သမျှအရာအားလုံးဟာ အိမ်မက်တစ်ခုသာဖြစ်ကြောင်း သိလိုက်ရတယ်။"ဘာလို့သေမလို့ လာအော်နေတာလဲ ချွဲဘောမ်ဂယူရဲ့ ပြီးတော့ ဘယ်လိုလုပ် မင်းကငါ့အခန်းထဲရောက်လာတာလဲ"
"မအော်လို့ရမလားကွ မအော်ရင် နှုတ်ခမ်းကြီးထော်လာပြီး မင်းကငါ့ကိုနမ်းတော့မှာလေ"
"မင်းကြောင့် ငါ့အိမ်မက်လေးပျက်စီးသွားပြီကွ လူငယ်တိုင်းမှာအိမ်မက်ဆိုတာရှိတယ်ဆိုတာ မင်းမကြားဖူးဘူးလားဟမ်"
"အဲ့တာနဲ့ မင်းအိပ်တာကိုနှိုးမိတာနဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တယ်လေ ငါလဲ လူငယ်ပဲကို ငါ့မှာလည်းအိမ်မက်ရှိတယ် အဲ့တော့ မင်းပြန်တော့ ငါလည်းပြန်အိပ်ရင်း စောစောကအိမ်မက်ကလေးကိုပြန်မက်တော့မယ်နော်"
"အသက်ကဖြင့်ကြီးလှပြီကို ဘာကိုလူငယ်တုန်း"
"ငါငယ်သေးတယ်ကွ မယုံရင်ပြရမလား"
