Unicode
မနက်၇နာရီမှ ၈နာရီခွဲအထိ သင်္ချာဆရာသင်ပြီးသွားသည့်အခါ breakချိန် ခဏရ၍ ကျောင်းသားများအားလုံး မုန့်စားလိုက်၊ကျန်းမာရေးအတွက် အပေါ့အလေးသွားလိုက်ဖြင့် အချိန်ဖြုန်းနေကြသည်။၉နာရီထိုးရင်တော့ တစ်ပတ်လုံးမှာ သင်ခဲ့သမျှစာတွေကို ပြန်လည်လေ့ကျင့်ရမဲ့ အချိန်ဖြစ်ပြီး guideဆရာဝမ်ရိပေါ်လည်း စာလာရှင်းပြမည်ဖြစ်သည်။ကျောင်းသားတစ်ချို့က နားမလည်သည့် စာတွေကို ဘာသာရပ်ပြ ဆရာ၊ဆရာမများထံ ပြန်မမေးရဲတာကြောင့် သဘောကောင်းပြီး စိတ်ရှည်လက်ရှည်စာရင်းပြပေးတတ်သည့် ဝမ်ရိပေါ်ကိုသာ စောင့်ဆိုင်းနေကြလေသည်။
"ရှောင်းကျန့် breakfastထွက်မစားဘူးလား"
ရှောင်းကျန့်က ခေါင်းသာခါပြသည်။
"မနက်က ဘာစားခဲ့လို့လဲ....မနက်၇နာရီထဲက ကျူရှင်ရောက်နေတာကို။ဒီနေ့က နေ့လည် ၁၁နာရီလောက်အထိ စာသင်ချိန်တွေက ဆက်တိုက်ပဲကွ။အစာမစားရင် အဆာလွန်ပြီး ဗိုက်အောင့်နေမယ်။"
"ကျန်းချန်းရာ ....အမေကြီးကျနေတာပဲ..ရှောင်းကျန့်က ဗိုက်မဆာလို့နေမှာပေါ့"
ကျန်းချန်နဲ့ ယွီပင်းက ရှောင်းကျန့် အစာမစားတဲ့ အကြောင်းကို အရင်းပြု၍ စာကလေးငှက်တွေလို တွတ်ထိုးနေကြလေသည်။ရှောင်းကျန့်ကတော့ ဘာမှဝင်မပြောပဲ English poemတစ်ပုဒ်ကိုသာ ဖတ်နေသည်။
"hey guy....ဘာတွေပွားနေကြတာလဲ"
ဆံပင်တွေကို အနောက်သို့ အပြောင်သိမ်းထားပြီး အနည်းငယ်လူမိုက်ပုံစံပေါက်နေသော သူတစ်ယောက်က အချိုရည်ခွက်ကို ကိုင်၍ ကျန်းချန်တို့ စကားပြောနေသည့်ကြားမှ လာဖြတ်ကာနှုတ်ဆက်သောကြောင့် ရှောင်းကျန့်အပါအဝင် ကျန်နှစ်ယောက်ပါ ကြောင်သွားမိသည်။ထိုအခါမှ ထိုသူဟာ တစ်ချက်ရယ်ကာ
"sorry....အရင်မမိတ်ဆက်ပဲ ရင်းနှီးသလိုလုပ်မိသွားပြီ...ငါ့နာမည်က ဝမ်ချောင်...မင်းတို့အတန်းရဲ့ ရှေ့သုံးတန်းမြောက် ဘယ်ဘက်ကရေတွက်ရင် တတိယခုံက"
ဝမ်ချောင်ဆိုသူဟာ သူ့ရဲ့ထိုင်ခုံနေရာကို စကားနှင့်ပြောရုံသာမက လက်ညှိုးနဲ့ပါ ညွှန်ပြနေသေးသည်။
YOU ARE READING
Dear Villain(Season1)🏴
Fanfictionမင်းကိုယ့်လက်က လွတ်တယ်ထင်ထားတာလား.... မင်းက ကိုယ့်အပိုင်...... Xiao Zhan ခင်ဗျား လူယုတ်မာ..... Wang Yibo