Part-27

95 9 0
                                    

Unicode

"ရှောင်းကျန့်ကောက ဟိုဘက်တိုးကွာ"

ရှောင်းကျန့်က စကားကို နားမထောင်ပဲ ရိပေါ်နားသို့ ဇွတ်အတင်းတိုးကာ ထိုင်နေလေသည်။

"ပြောနေတာနားထောင်လေ...အရမ်းတိုးနေတော့ ထိုင်ရတာကျင်းကျပ်နေပြီ"

"ကိုယ်က ချစ်လို့လေ"

"ဘာဆိုင်လို့လဲဗျာ"

ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းမှာ ရှောင်းကျန့်ကောက ရိပေါ်ကို အချိန်တိုင်း လိုက်ကပ်နေတော့သည်။နေ့တိုင်းလည်း ချစ်တယ်ဆိုတဲ့စကားကို အကြိမ်အရေအတွက်မနည်း ပြောနေပြီး အခွင့်အရေးရရင် အသားပါယူတတ်သေးသည်။

အခုလည်း စာသင်နေတဲ့ရိပေါ်အနားကို အတင်းတိုးကပ်၍ထိုင်နေသောကြောင့် ကြာရင် ရိပေါ်နဲ့ရှောင်းကျန့်က တစ်ထပ်တည်းထိုင်ရမဲ့ အနေအထားတောင် ဖြစ်သွားနိုင်သည်။

"ကဲ ပြောနေတာကို အရမ်းကပ်နေတာပဲ...ဘာလဲ ကျွန်တော့်ရဲ့ပေါင်ပေါ်ကို တက်ထိုင်တော့မလို့လား"

"ထိုင်စရာလား....ဖြစ်နိုင်ရင် ကိုယ့်ရဲ့ပေါင်ပေါ်ကို ဘေဘီလေးကိုတင်ပြီး စာသင်ချင်တာ"

အကဲပိုလွန်းတဲ့ ရှောင်းကျန့်ကို ရိပေါ်က ဂျိုကြည့် ကြည့်နေလိုက်တော့သည်။

ချစ်သူဖြစ်ပြီးကတည်းက ရှောင်းကျန့်ကောဟာ ရိပေါ်ကို ဘေဘီလို့သာ ခေါ်လေသည်။
ရှက်စရာကောင်းလို့ မခေါ်ပါနဲ့ပြောရင်လည်း ဒါဟာ ရှက်စရာမဟုတ်ကြောင်း၊မကျေနပ်ရင် သူ့ကို လက်စားချေတဲ့အနေနဲ့ ဒယ်ဒီဟု ပြန်ခေါ်လို့ရပါကြောင်း ရှောင်းကျန့်က ရိပေါ်ကို ပြန်၍ နားချတတ်သေးသည်။

သူ့ဘက်က အများကြီး နစ်နာရှာတယ်လေ....

ချစ်သူလေးတစ်ယောက်ရထားပါတယ်...လူမှတ်နေတာ။ဘယ်ဟုတ်မလဲ...လိပ်ကြီး ဖြစ်နေလေရဲ့။

"ဘေဘီ ဒီနေ့လည်း ကိုယ့်ကို ချစ်လား"

"မချစ်ဘူး..."

"ဟာ...ဘေဘီကကွာ။ကိုယ်ဝမ်းနည်းအောင် လုပ်နေတာလား"

ရိပေါ်က သက်ပြင်းချလိုက်မိကာ

Dear Villain(Season1)🏴Where stories live. Discover now