Unicode
ရှောင်းကျန့်က ရိပေါ်ကို ဘာမှပြန်မပြောနိုင်တော့ဘဲ ရယ်သာရယ်နေမိတော့သည်။
ရိပေါ်ကတော့ နှုတ်ခမ်းလေးကို ဆူထားပြီး မကြာခဏဆိုသလို ရှောင်းကျန့်ကို မျက်စောင်းထိုးနေလေသည်။သို့သော် တွဲထားတဲ့လက်ကလေးကတော့ မလွှတ်ဘဲ ရှောင်းကျန့်ကို ဂရုတစိုက်တွဲကူရှာလေသည်။
ဒီလိုနဲ့ နှင်းဆီပန်းခင်းရှေ့ရောက်တော့ ရိပေါ်က ဝမ်းသာအားရဖြင့် လွတ်နေသော လက်တစ်ဖက်နဲ့ နှင်းဆီပန်းကို လှမ်းကိုင်မယ်အပြု
"အော်....ကျွန်တော်ဒီပန်းကို ကိုင်လို့ရရဲ့လား"
ရိပေါ်အမေးကြောင့် ရိပေါ်ရဲ့လှုပ်ရှားမှု တစ်ခုချင်းစီကို လိုက်ကြည့်နေတဲ့ရှောင်းကျန့်က
"ဘာလို့ အဲ့လိုမေးတာလဲ"
ရိပေါ်က ရှောင်းကျန့်ကောကို ပြန်မဖြေမိသေးဘဲ တိတ်ဆိတ်နေမိသည်။နှင်းဆီပန်းရဲရဲလေးတွေကို တွေ့ရတော့ စိတ်ကလုံးဝမနေနိုင်အောင်ဖြစ်ကာ ထိကိုင်ချင်မိလို့ လက်လှမ်းလိုက်ပြီးမှ တနေ့က ကျန်းရှန့်ရဲ့ သတိပေးစကားကို နားထဲ၌ ပြန်ကြားယောင်မိတော့သည်။
*ခြံထဲက ပစ္စည်းမှန်သမျှကို ထိလို့၊ကိုင်လို့ ရပေမဲ့ နှင်းဆီပန်းရုံကိုတော့ အနီးကပ်သွားတောင် မကြည့်မိလေနဲ့။သခင်လေးနဲ့ ကွိုင်အကြီးကြီးတက်သွားမယ်တဲ့*လေ။
ဒီတော့ ရိပေါ်ထိဖို့ လက်တွန့်မိသည်မှာအမှန်ပင်။
တစ်ခုခုကိုတွေးနေတဲ့ ရိပေါ်မျက်နှာကြောင့် ရှောင်းကျန့်က အဖြေကို ချက်ချင်းရှာတွေ့သွားတော့သည်။သေချာပေါက် ဒါဟာ ကျန်းရှန့်လက်ချက်ပဲပေါ့....
"မှန်ပါတယ်....ဒီနှင်းဆီပန်းတွေကို ကိုယ်ကလွဲပြီး ဘယ်သူမှ ထိခွင့်မရှိဘူး။ကိုယ် ကိုယ်တိုင် နှင်းဆီတွေ ဒီလိုရှင်သန်လာအောင် သွေးနဲ့ချွေးနဲ့ရင်းပြီး စိုက်ပျိုးထားတာပါ။အခုလည်း မခူးသလို နောက်လည်း ခူးဆွတ်မှာမဟုတ်ဘူး။တမြတ်တနိုးနဲ့ ရင်မှာ သိမ်းထားမှာ။ထာဝရအတွက်ပေါ့။"
လေးနက်လွန်းတဲ့ ရှောင်းကျန့်ကောရဲ့စကားတွေထဲက ရည်ညွှန်းချက်ဟာ ပန်းတစ်ပွင့်ဆိုတာထက် တစ်စုံတစ်ယောက်ကိုပြောနေတာဆို ပိုမှန်ပေမည်။
YOU ARE READING
Dear Villain(Season1)🏴
Fanfictionမင်းကိုယ့်လက်က လွတ်တယ်ထင်ထားတာလား.... မင်းက ကိုယ့်အပိုင်...... Xiao Zhan ခင်ဗျား လူယုတ်မာ..... Wang Yibo