Part-28

108 11 0
                                    

Unicode


ရိပေါ်ဟာ သူ့ရဲ့အခန်းထဲက စားပွဲပေါ်မှာရှိတဲ့ စာကြည့်မီးလုံးလေးကိုဖွင့်ကာ စာကျက်နေလေသည်။

ဒီရက်ပိုင်းတော့ သင်တန်းက စာတွေကိုသာ ဖိလုပ်နေမိသည်။
ပုံမှန်ဆို ရိပေါ်က သင်တန်းကို စနေ၊တနင်္ဂနွေနေ့တွေမှာ သွားတတ်ပေမဲ့ ဒီလထဲတော့ သိပ်မသွားဖြစ်ခဲ့ပေ။

အကြောင်းမှာ ကို...အဲလေ ရှောင်းကျန့်ကောကို အချိန်ပို စာသင်ပေးနေရတာပင်။

စာမေးပွဲဖြေဖို့ အချိန်ကလည်း သိပ်မလိုတော့တာကြောင့် ဒီလထဲတော့ စာတွေပိုသင်ပေးနေရလေသည်။
သို့သော်လည်း ရိပေါ်က ဘယ်လောက်ပဲ စာတွေသင်နေပါစေ ရှောင်းကျန့်ကောက စာလုပ်တာနည်းနည်း ရိပေါ်ကိုအသားယူတာများများပင်။

နေ့တိုင်းနီးပါး စာသင်ရမဲ့မနက်ပိုင်းအချိန်တွေဟာ  စာမသင်ရဘဲ ရှောင်းကျန့်ကောရဲ့ ရစ်သမျှကို ခံရသည်။တခါတလေဆိုရင်လည်း အကဲပိုတဲ့ ရှောင်းကျန့်ကောရဲ့ တီတီတာတာချစ်စကားများကိုသာ နားထောင်ရတတ်သည်။
ဒီ၂ချက်ပြီးမှသာ ရိပေါ်က တစ်နေ့တာအတွက် စာသင်ကြားပို့ချမှုကို လုပ်ဆောင်ရလေသည်။

ရှောင်းကျန့်ကောနဲ့ ချစ်သူတွေဖြစ်နေပေမဲ့လည်း စာမလုပ်ရင်တော့ ရိပေါ်က ရှောင်းကျန့်ကောကို အရင်လို ဆူလိုက်၊နားချလိုက်နဲ့တော့ လုပ်နေရတုန်းပင်။သို့သော် ရှောင်းကျန့်ကိုရဲ့ မူအတိုင်း မကြာခဏဆိုသလို ရိပေါ်ဘက်က အပေးအယူတော့ လုပ်ပေးရတတ်သည်။

ဒါမှလည်း စာကို စိတ်ဝင်စားတော့မည်မဟုတ်လား။

ရိပေါ် အတွေးလွန်နေတာကို ရပ်လိုက်တော့သည်။စာသင်သွားလည်း ရှောင်းကျန့်ကောနဲ့ရှိနေရလို့ ကြည်နူးရတဲ့စိတ်၊စာသင်ပြီးလို့ အိမ်ပြန်လာရင်လည်း ရှောင်းကျန့်ကောရဲ့အကြောင်းတွေကို တွေးမိနေတာကြောင့် ရိပေါ်လုပ်ရမဲ့ လုပ်ငန်းတာဝန်တွေဟာ လစ်ဟင်းနေတာ ကြာခဲ့ပါပြီ။

အော်....အချစ်ဆိုတဲ့အရာဟာ မလွယ်ပါလားနော်.....

ချစ်သူမဖြစ်ခင်ကလည်း ရှောင်းကျန့်ကောကို သဝန်တွေတိုပြီး တစ်ယောက်ထဲ အသည်းကွဲနေရတဲ့ ခံစားချက်ကြီးနဲ့ ရှင်သန်ခဲ့ရပြီး အခု ချစ်သူတွေဖြစ်ပြန်တော့လည်း ရှောင်းကျန့်ကောနဲ့ မတွေ့ရတဲ့အချိန်မှာ တကယ်လွမ်းမိပါရဲ့။

Dear Villain(Season1)🏴Where stories live. Discover now