Unicode
"အဲ့ကောင်က ဝမ်ရိပေါ်နဲ့ ဘယ်လိုတွေပက်သတ်နေလို့ အဲ့လောက်တောင် ဇောင်းကြွနေတာလဲ"
"ငါ့အထင်တော့ ဝမ်ရိပေါ်က အဲ့ကောင်ကို အရမ်းfavourပေးထားတာနေမယ်"
"ခွမ်းးးး"
Jeanနဲ့Shaရဲ့စကားကို ကြားပြီး ရှောင်းကျန့်က ပို၍ပေါက်ကွဲသွားကာ ဧည့်ခန်းထဲ၌ ရှိသမျှအရာများကို ရိုက်ခွဲနေတော့သည်။
"ဟာကွာ....တောက်"
တောက်တစ်ခေါက်ခေါက်ဖြင့် ရှောင်းကျန့်က ဒေါသအကြီးအကျယ်ထွက်နေတာကြောင့် Jeanနဲ့Shaတို့မှာလည်း ဘာမှ ဆက်မပြောဖြစ်တော့သလို အိမ်တော်ထိန်းကြီးနှင့် အိမ်အကူများမှာလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေကြတော့သည်။
"ဝုတ်..ဝုတ်...ဝုတ်"
အိမ်အပြင်မှာရှိနေသော ရှောင်းကျန့်ရဲ့အချစ်တော် Dayသည်လည်း သူ့သခင်နည်းတူ ဒေါသထွက်နေပုံရကာ မရပ်မနားဟောင်နေတော့သည်။
"တော်တော့ Sean....မင်းရဲ့စိတ်ကို လျော့ဦး..ထင်ရာတွေလုပ်မနေနဲ့"
"ဟ...ငါက ထင်ရာလုပ်နေတာမဟုတ်ဘူးကွ။မျက်စိနဲ့ကို သေချာမြင်ခဲ့တာ..."
Seanက သူ့အိမ်တော်ကို အလည်မခေါ်သော်လည်း Zoeတို့က Seanအိမ်မှာ အေးအေးဆေးဆေးနဲ့ အနားယူမယ်ဆိုတဲ့အတွေးနဲ့ ဇွတ်အတင်းလိုက်လာခဲ့တာ။
လမ်းမှား မထင်မှတ်ပဲ Seanရဲ့ကောင်လေး....
အင်းးးးကောင်လေးပဲထားပါတော့။ထိုကောင်လေးနဲ့တွေ့တော့ Seanဘက်ကအရင် သောင်းကျန်းခဲ့ပြီး ယခုအိမ်ရောက်တဲ့အထိ Seanက ဒေါသမပြေသေးပဲ ဆက်သောင်းကျန်းနေတော့သည်။
"အေး...အဲ့လိုမြင်တော့ရော မင်းနဲ့ဘာဆိုင်လဲ။သူလည်း သူ့ကိစ္စနဲ့ သူဖြစ်မှာပေါ့"
"ငါလက်မခံနိုင်ဘူး"
ဟ...ခက်လိုက်တာ Seanရာ။မင်းလက်မခံနိုင်ဘူးပြောရအောင် ဝမ်ရိပေါ်က မင်းရည်းစားလည်းမဟုတ်။
"ဘာလို့ လက်မခံနိုင်ရတာလဲ"
Zoeရဲ့အမေးကြောင့် ရှောင်းကျန့်က နံရံကို လက်ဝါးဖြင့် ခပ်ပြင်းပြင်း တစ်ချက်ရိုက်ချလိုက်ပြီး
YOU ARE READING
Dear Villain(Season1)🏴
Fanficမင်းကိုယ့်လက်က လွတ်တယ်ထင်ထားတာလား.... မင်းက ကိုယ့်အပိုင်...... Xiao Zhan ခင်ဗျား လူယုတ်မာ..... Wang Yibo