Unicode
"ရိပေါ် ရောက်ပြီလား"
"ဟုတ်ကဲ့ တီချယ်မေ"
ရိပေါ်က ကျူရှင်လာရာလမ်းတွင်ဆောင်းလာခဲ့သော ထီးကလေးကို အမြန်ပိတ်လိုက်ပြီး တီချယ်ရှိရာသို့ လျှောက်လာခဲ့သည်။
"အခုပဲတီချယ်လည်း အတန်းထဲဝင်တော့မလို့...စာဖြေထားတဲ့ အမှတ်တွေထွက်ပြီလေ"
တီချယ်ကပြောရင်း လက်ထဲ၌ ဖြေလွှာစာရွက်အထပ်လိုက်ကို ပွေ့ပိုက်ထားသည်။
"တီချယ် စာရွက်တွေပေးပါ...ကျွန်တော်သယ်ပါ့မယ်"
ထိုအခါမှ အဖြေလွှာတွေကို ရိပေါ်လက်ထဲသို့ လွှဲပြောင်းပေး၍
"ဒီတစ်ခါ စာဖြေထားတဲ့ရလဒ်တွေကို အားရတယ်ကွယ်...ကျောင်းသားတိုင်းလည်း အမှတ်ကောင်းကြတယ်"
တီချယ်မေက ဒီလိုမျိုး ချီးကျူးသည်မှာ ရှားလွန်းလှသည်။
"အထူးခြားဆုံးကတော့ ရှောင်းကျန့်က Englishစာ အမှတ်ပြည့်ရတာပဲ"
"ဗျာ..."
ရိပေါ်ရဲ့ အံ့သြနေတဲ့ပုံစံကြောင့် တီချယ်မေကပြုံးကာ
"ဟုတ်တယ်ရိပေါ်ရဲ့....စာသင်နှစ်အစမှာတုန်းက ရှောင်းကျန့်က စာလည်းလိုက်မလုပ်ဘူး။စာဖြေရင်လည်း သူ့ရဲ့အဖြေလွှာမှာ ဘယ်တော့မှ စာအပြည့် ပါမလာတတ်ဘူး။ဒါကြောင့် စာမလိုက်နိုင်ဘူးလို့ တီချယ်ထင်ခဲ့မိတယ်။အခုတော့ အမှတ်ပြည့်ရတဲ့အပြင် သူ့ရဲ့လက်ရေးက ယောက်ျားလေးလက်ရေးလို့ ထင်ရက်စရာမရှိအောင် သေသပ်ရှင်းလင်းပြီး လှလွန်းတယ်။ဒီလိုသာ ဆက်ကြိုးစားမယ်ဆိုရင် ဒီကလေးကို ဂုဏ်ထူးတွေပါ မှန်းလို့ရနိုင်တယ်"
ပုံမှန်ဆို အလွတ်ဖြေထားတဲ့ စာတွေကိုသာ ရိပေါ်က စစ်ပေးရပေမဲ့ ဘာသာရပ်လိုက် အဖြေလွှာတွေကိုတော့ ဘာသာရပ်ဆရာ၊ဆရာမတွေကသာ စစ်ပေးကြသည်။ရိပေါ်လည်း ရှောင်းကျန့်က အလွတ်ရေးပြီး စာစစ်ခိုင်းလေ့မရှိတာကြောင့် သူ့ရဲ့လက်ရေးကို တစ်ခါမျှ မမြင်ဖူးပေ။
"မှတ်မှတ်ရရ တီချယ်တောင် ရှောင်းကျန့်ရဲ့အဖြေလွှာကို အပေါ်ဆုံးမှာ တင်ထားမိသေးတယ်"

YOU ARE READING
Dear Villain(Season1)🏴
Fanfictionမင်းကိုယ့်လက်က လွတ်တယ်ထင်ထားတာလား.... မင်းက ကိုယ့်အပိုင်...... Xiao Zhan ခင်ဗျား လူယုတ်မာ..... Wang Yibo