Unicode
ရိပေါ် ရှောင်းကျန့်တို့အိမ်သို့ ရောက်ရန်အတွက် ကျန်းချန်ကော ခေါ်ဆောင်ရာလမ်းအတိုင်း လိုက်ပါခဲ့သည်။
အမှန်ဆို ရှောင်းကျန့်ရဲ့အိမ်က ရိပေါ်နေတဲ့လမ်းရဲ့အရှေ့တစ်လှမ်းကျော်မှာပင် ဖြစ်သည်။ဒါကြောင့် ရိပေါ်ရဲ့ အိမ်ပြန်လမ်းအတိုင်း ရှောင်းကျန့်က တောက်လျှောက်လိုက်နေခဲ့တာပေါ့။
ထိုအချိန်က ရိပေါ်ရဲ့အတွေးဟာ ရှောင်းကျန့်က ရိပေါ်နောက်သို့ နှောက်ယှက်ချင်လို့ လိုက်နေခဲ့တာဟု ထင်ခဲ့မိသည်။ရိပေါ် အထင်မှားနေခဲ့တာပဲ.....ဟူး.....
"ရိပေါ် အဆင်ပြေရဲ့လား..."
"ဗျာ...."
တိတ်ဆိတ်နေရာမှ ရုတ်တရက် နောက်လှည့်၍ လာမေးနေသော ကျန်းချန်းကောကြောင့် ရိပေါ်မှာ ကြောင်သွားရသည်။
"ကောမေးချင်တာက ရှောင်းကျန့်ကို စာသင်ဖို့ အဆင်ပြေရဲ့လားလို့ပါ"
"ဒါတော့ သင်ကြည့်မှ သိရမှာပါပဲ"
ရိပေါ်ရဲ့ အဖြေကြောင့် ကျန်းချန်ကောက သက်ပြင်းချကာ
"အမှန်တော့ ရှောင်းကျန့်က ပေါင်းသင်းရခက်တဲ့သူတော့မဟုတ်ပါဘူး။တစ်ခါတစ်လေ ခေါင်းမာတတ်ပေမဲ့ စိတ်ထားကောင်းတဲ့သူပါ။နှစ်စထဲက ရိပေါ်နဲ့ အဆင်မပြေပေမဲ့ နောက်ပိုင်းရိပေါ်လည်း ရှောင်းကျန့်ရဲ့စိတ်ကို နားလည်ပြီး အဆင်ပြေသွားမှာပါ"
"ဟုတ်ကဲ့"
ရိပေါ်က ကျန်းချန်ကောကို 'ဟုတ်ကဲ့'လို့သာပြော၍ ငြိမ်နေမိတော့သည်။
ကျန်းချန်ကောပြောသလို ရှောင်းကျန့်နဲ့ အဆင်ပြေပြေ စာသင်ရဖို့ပဲ ရိပေါ်မျှော်လင့်မိပါတယ်။
ကျန်းချန်ကောက ရိပေါ်ကို ဘာမှဆက်မပြောတော့ပဲ အိမ်ကြီးတစ်အိမ်ရှေ့အရောက်တွင်
"ရောက်ပြီ ရိပေါ်"
ရိပေါ်က အိမ်ကြီးကို အံ့သြတကြီး ကြည့်နေမိတော့သည်။
"ဒါ ရှောင်းကျန့်နေတဲ့အိမ်လား..."
ကျန်းချန်ကောက ခေါင်းငြိမ့်ပြပြီး
YOU ARE READING
Dear Villain(Season1)🏴
Fiksi Penggemarမင်းကိုယ့်လက်က လွတ်တယ်ထင်ထားတာလား.... မင်းက ကိုယ့်အပိုင်...... Xiao Zhan ခင်ဗျား လူယုတ်မာ..... Wang Yibo