Unicode
ကျန်းချန်တို့အတန်းထဲ၌ Physicsဘာသာရပ်ပြဆရာက problemတစ်ပုဒ်ကို ဖြေရှင်းပြနေသည်။
ကျောင်းသားများအားလုံးဟာလည်း ဆရာတွက်ပြနေသော ပုစ္ဆာ
ကို အာရုံစိုက်၍ နားထောင်နေကြသည်။သိပ်မကြာခင်အချိန်မှာ Physicsဘာသာရပ်က Chapter တစ်ခန်းပြီးပေမည်။ထိုအခါတွင် ဆရာက ပြီးထားသော တစ်ခန်းစာအတွက် testစစ်ဆေးမည်ဟု ပြောထားသောကြောင့် စာများကို သေသေချာချာ လိုက်မှတ်နေကြသည်။
ကျန်းချန်က ဆရာပြောပြနေတဲ့ တချို့အချက်တွေကို noteလိုက်မှတ်နေသည်။ရှေ့နှစ်စာမေးပွဲမှာလည်း physicsဘာသာရပ်ကို သိပ်မဖြေနိုင်ခဲ့ပေ။ဒီနှစ်တော့ အမှတ်ကောင်းကောင်းနဲ့အောင်ရမည်ဟုလည်း ဆုံးဖြတ်ထားသည်။
တစ်နှစ်နဲ့တစ်နှစ် စာမေးပွဲ မအောင်မချင်းကျောင်းတက်နေရတာ အချိန်လည်းကုန်သလို၊ငွေကြေးလည်း အလွန်ကုန်ကျသည်။မိဘမရှိတော့တဲ့သူ့ကို ဉီးလေးဖြစ်သူဟာ ငယ်ငယ်ထဲက ကျောင်းထားပေးခဲ့ပြီး အထက်တန်းစာမေးပွဲကျတဲ့အချိန်မှာလည်း ဇွဲမလျော့စေပဲ ဆက်လက်ကြိုးစားခိုင်းသည်။ထို့ကြောင့် ဉီးလေးဖြစ်သူကို အားလည်းနာသလို သူ့ကြောင့်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာကို မကြည့်ရက်တာကြောင့် ဒီတစ်နှစ်တော့ ကွင်းလုံးကျွတ်အောင်ရန် ကျန်းချန်အကြိတ်အနယ်ကြိုးစားနေမိသည်။
ကျန်းချန်ရဲ့ ဘေးက ရှောင်းကျန့်သည်လည်း စာကို စိတ်ဝင်တစားလိုက်ကြည့်နေသည်။တစ်ခါတစ်ရံလည်း ရှောင်းကျန့်က noteများလိုက်မှတ်ကာ စာပိုဒ်ထဲ၌ အဓိကကျသည့် စာကြောင်းများကို Marker penဖြင့် လိုက်မှတ်နေတတ်သည်။
ရှောင်းကျန့်ကို အပြင်ပန်းကြည့်ရင်တော့ ဆံပင်ရှည်ဂုတ်ထောက်နဲ့ တစ်ခါတစ်လေဝတ်ဆင်တတ်သည့် အဝတ်အစားများကြောင့် ဂျစ်ပစီဒီဇိုင်းဖြစ်နေတတ်ပေမဲ့ သူ့၏ စာရေးကိရိယာနှင့် အသုံးအဆောင်များမှာ နာမည်ကြီး brandများသာဖြစ်ပြီး တော်တန်ရုံအသိုင်းအဝိုင်းက မဟုတ်နိုင်ကြောင်း ကျန်းချန်သတိထားမိသည်။
သတိမထားမိခင်က ရှောင်းကျန့်ဘယ်ပစ္စည်းကိုမဆို သုံးသည့်အခါတိုင်း ကျန်းချန်ကသဘောကျတတ်သည်။တစ်ခါတစ်လေ 'ဘယ်နေရာက ဝယ်တာလဲ'လို့မေးရင် မဖြေပဲ 'လိုချင်ယူလိုက်'ဆိုပြီး ပေးတတ်သည်။
YOU ARE READING
Dear Villain(Season1)🏴
Fiksi Penggemarမင်းကိုယ့်လက်က လွတ်တယ်ထင်ထားတာလား.... မင်းက ကိုယ့်အပိုင်...... Xiao Zhan ခင်ဗျား လူယုတ်မာ..... Wang Yibo