Part-14

182 15 0
                                    

Unicode

"ဘာလို့ သူခေါ်တဲ့ဖုန်းကို ကိုင်လိုက်တာလဲ"

"......."

"မေးနေတာဖြေလေ....အိမ်တော်ထိန်း ကျွန်တော် သူနဲ့ မပက်သတ်ချင်တာ သိရဲ့သားနဲ့။"

"စိတ်မဆိုးပါနဲ့ သခင်လေး။ဖုန်းဆက်နေတာလည်း အကြိမ်အရေအတွက်မနည်းတော့တာကြောင့် ကိုင်လိုက်မိတာပါ"

သခင်လေးရှောင်းကျန့်က လက်နှစ်ဖက်ကို ခါးတွင် ထောက်ထားပြီး တောက်တခေါက်ခေါက်ဖြင့် မျက်လုံးများနီရဲနေသည်အထိ ဒေါသထွက်နေလေသည်။

ဒီရက်ပိုင်း သခင်လေးက စိတ်တအားဆက်နေသလို မထင်ရင်မထင်သလိုလည်း အိမ်တော်ထဲကသူတွေကို အော်ငေါက်တတ်သည်။ထို့ကြောင့် ဒေါ်လုယီနဲ့ကျန်းရှန့်တို့မှာ သခင်လေးနဲ့ မတွေ့ရဲအောင်အထိ ကြောက်နေကြကာ ယခုတော့ အိမ်တော်ထိန်းကြီးက သခင်လေးမကြိုက်တာ လုပ်ခဲ့မိတော့ သခင်လေးရဲ့လောင်မြိုက်နေတဲ့ ဒေါသတွေကို လောင်စာဆီလောင်းဖြည့်ပေးသကဲ့သို့ ဖြစ်နေတော့သည်။

"ဘာတဲ့လဲ....အမွေခွဲပေးဖို့အကြောင်း ဖုန်းဆက်တာမလား"

"မဟုတ်ပါဘူးသခင်လေး....သခင်လေး တရုတ်ရောက်နေတာ ၃နှစ်ရှိနေပေမဲ့ တစ်ခါမှ မတွေ့ရသေးတာကြောင့် တွေ့ချင်ပါတယ်တဲ့"

"အဟားးးး...."

အိမ်တော်ထိန်းကြီးရဲ့စကားအဆုံးတွင် သခင်လေးရှောင်းကျန့်က ခေါင်းကိုအပေါ်ထိမော့ကာ ခန္ဓာကိုယ်များလှုပ်သည်အထိ အူလှိုက်သည်းလှိုက် ရယ်နေလေသည်။

အိမ်တော်ထိန်းကြီး၏အမြင်မှာတော့ ယခုသခင်လေးရဲ့ပုံစံဟာ စိတ်လွတ်နေတဲ့လူတစ်ယောက်လို ကြောက်ဖို့ကောင်းလှသည်။

"တရုတ်နိုင်ငံမှာ ကြီးကြီးတက် ချမ်းသာနေတဲ့ သူဌေးကြီးက ကျွန်တော်လို ဘာမှမဟုတ်တဲ့ လူတစ်ယောက်အတွက် အချိန်ပေးပြီး တွေ့ချင်တယ်တဲ့လား....ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"

"ဒါပေမဲ့ သခင်လေးဘက်က သူ့နဲ့တစ်ခေါက်လောက်တော့ တွေ့ကြည့်သင့်တယ်လို့ ထင်ပါတယ်"

ထိုအခါတွင် သခင်လေးက အိမ်တော်ထိန်းကြီးကို သေချာစိုက်ကြည့်လာပြီး

Dear Villain(Season1)🏴Where stories live. Discover now