Unicode
"လုယီ....သခင်လေး ကျူရှင်မသွားခင်စားဖို့ breakfastပြင်ထားပြီးပြီလား"
"ပြင်ထားပြီးပါပြီ အိမ်တော်ထိန်း....ဒါပေမဲ့ သခင်လေးက အခုထိအပေါ်ထပ်ကနေ ဆင်းမလာသေးဘူး"
အိမ်တော်ထိန်းကြီးက ခေါင်းတစ်ချက်ငြိမ့်ပြ၍ အိမ်အပေါ်ထပ်ကို မော့ကြည့်လိုက်သည်။သခင်လေး ဆင်းလာသည့်အရိပ်အယောင်လည်း မတွေ့သလို ပြင်ထားတဲ့အစားအသောက်တွေဟာလည်း အေးလုနီးပါးဖြစ်နေတာကြောင့်
"ဒါဆိုရင် breakfastကို ထပ်ပြင်ပေးပြီး သခင်လေးအခန်းကို သွားပို့လိုက်"
"ဟိုဟာလေ....ကျွန်မ.."
ဒေါ်လုယီက စကားကိုဆက်မပြောပဲ အိမ်တော်ထိန်းကြီးကို မဝံ့မရဲဖြင့်ကြည့်လာသည်။အထာပေါက်တဲ့ အိမ်တော်ထိန်းကြီးက
"စိတ်ချပါ...သခင်လေးအခန်းထဲ နင့်ကိုတစ်ယောက်ထဲမလွှတ်ပါဘူး။ငါပါလိုက်ခဲ့မယ်...ဟုတ်ပြီလား"
အိမ်တော်ထိန်းကြီး စကားကိုကြားမှ ဒေါ်လုယီက စိတ်သက်သာရာ ရသွားဟန်ဖြင့် မနက်စာကို ထပ်၍ ပြင်ဆင်နေသည်။
ပေကျင်းရဲ့ မြို့အစွန်မှာရှိတဲ့ သာမန်လူတန်းစားများသာနေထိုင်တဲ့ ရပ်ကွက်လေးထဲမှာ ရှောင်းအိမ်တော်ဟာ အကြီးဆုံးဖြစ်သည်။ အိမ်တော်ကြီးဟာ ကြီးကျယ်ခန်းနားလွန်းတာကြောင့် အများအမြင်မှာသာ နေထိုင်ချင်လောက်အောင်အားကျစရာကောင်းနေပေမဲ့ အိမ်တော်ထဲမှာ အမှန်စင်စစ်နေထိုင်နေရသည့် သူများမှာတော့ အလွန်ပင် စိတ်ကျဥ်းကြပ်လှသည်။
အိမ်တော်ကြီးကသာ ကျယ်ဝန်းနေပေမဲ့ နေထိုင်သူလူဦးရေမှာ သခင်လေးရှောင်းကျန့်အပါအဝင် အိမ်တော်ထိန်းကြီးဂင်ရယ်၊အိမ်မှုကိစ္စအဝဝကို ဆောင်ရွက်ပေးတဲ့ ဒေါ်လုယီရယ်၊ခြံစောင့်တာဝန်အပြင် သခင်လေးရဲ့ အချစ်တော်Dayကို စောင့်ရှောက်ပေးရတဲ့ ကျန်းရှန့်ရယ်နဲ့ လက်ချိုးရေမှ လူလေးယောက်သာရှိသည်။
အိမ်တော်ထိန်းဂင်ကတော့ သခင်လေးငယ်ငယ်ထဲက ရှောင်းအိမ်တော်မှာ အလုပ်လုပ်ခဲ့တာကြောင့် သခင်လေးနှင့် စိမ်းမနေပေမဲ့ ဒေါ်လုယီနဲ့ ကျန်းရှန့်မှာတော့ သခင်လေး နိုင်ငံခြားသွားနေစဥ်အချိန်မှ အိမ်တော်ကိုရောက်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ၃နှစ်ကမှ အိမ်ပြန်လာခဲ့တဲ့ သခင်လေးကို အနည်းငယ် ကြောက်နေကြသည်။ကြားထဲမှာလည်း သခင်လေးက မထင်ရင်မထင်သလို အော်ပြီး သောင်းကျန်းတတ်သေးတာကြောင့် သူတို့ကြောက်နေသည်မှာလည်း မဆန်းပေ။
YOU ARE READING
Dear Villain(Season1)🏴
Fanficမင်းကိုယ့်လက်က လွတ်တယ်ထင်ထားတာလား.... မင်းက ကိုယ့်အပိုင်...... Xiao Zhan ခင်ဗျား လူယုတ်မာ..... Wang Yibo