မြန်မာဓားထက်သလား ပြတ်သလား
ကျွန်တော်မသိဘူး။
အနည်းဆုံးတော့ကျွန်တော်
အသားခုတ်သလိုဒက်ခနဲနဲ့ခေါင်းပြတ်သွားရင်ကောင်းမယ်။
ဓားမထက်လို့ လည်ပင်းကိုအထပ်ထပ်
လှီးနေရတာမျိုးကို မခံစားနိုင်ဘူး။
ကြက်ခုတ်သလိုခုတ်သတ်သွားမှ
အေးသေးတယ်။ကျွန်တော့်ခေါင်းလေးသပ်သပ်ရပ်ရပ်ဖြစ်နေအောင်
မညီမညာနဲ့ ကိုယ့်ဘာကိုယ်ညှပ်ချင်သလိုညှပ်ပြီး
ပစ်ထားတဲ့ဆံပင်ကြွက်သိုက်ကေကို ကျွန်တော်အိတ်ကပ်ထဲက သရေပင်းနဲ့ စုထုံးလိုက်တယ်။မျက်ထောင့်ကမျက်ချေးကိုနှိက်ထုတ်ပြီး
ခြောက်ကပ်နေတဲ့ နှုတ်ခမ်းကို
လျှာနဲ့သပ်လိုက်တယ်။
ကဲအခု ပြင်ဆင်မှုပြီးပြီ။
သေရင်နည်းနည်းတော့ပိုကြည့်ကောင်းသွားမှာပေါ့။ကွင်းလယ်ပြင်ကြီးထဲကိုရောက်သွားတယ်။
လူသိပ်မရှိတော့သေရတာ
ရှက်စရာမကောင်းတော့ဘူး။
လူတစ်ယောက်ကရှေ့မှာကျွန်တော့်ကိုမေးခွန်းတွေစမေးတယ်။ရာဇဝတ်သား...ဘယ်ကလာသလဲ။အနာဂတ်က။
ဘယ်မှာနေခဲ့သလဲ။မန္တလေးမြို့။
အသက်ဘယ်နှစ်လဲ။28နှစ်။
မိဘ။မရှိ။
ဘယ်အကြောင်းကြောင့်ဒီရောက်လာသလဲ။
တစ်ယောက်ယောက်ရဲ့အလိုတော်အရပဲ။
ဘာရည်ရွယ်ချက်နဲ့ရောက်လာသလဲ။မရှိ။
နာမည်။မရှိ။ကြာတော့ကျွန်တော့်စကားတွေက
ဟာသတွေဖြစ်လာတယ်။
သူတို့မသိတဲ့စကားလုံးတွေပြောပြီး
အရူးလို့ထင်ခံနေရတယ်။
နောက်ကနေတိုးတိုးတိတ်တိတ်နားထောင်နေတဲ့
စစ်သရဲမိန်းမကြီးက ထွက်လာတယ်။
သူ့ဖိနပ်မှာကပ်နေတဲ့ ဖုန်ပမွှားလေးဖြစ်တဲ့
ကျွန်တော့်လိုအမှိုက်ရဲ့ နောက်ဆုံးထွက်သက်ထိ
ရှိနေပေးမယ်ပေါ့။
နည်းနည်းတော့ ကြွေသွားတယ်။ကြွေပြီးမကြာပါဘူး။
ကျွန်တော့်ပါးကိုဖြန်းခနဲချသွားတာ။
ခေါင်းသာ360degreeလည်လို့ရရင်
နှစ်ပတ်လောက်လည်သွားလောက်တယ်။
လျှာကိုက်မိလို့ ကျွန်တော့်ပါးစပ်ထဲက
သွေးတွေစိမ့်လာတယ်။
ကျွန်တော့်ပါးစပ်ထဲကသွေးတွေကို
ထွီခနဲထွေးလိုက်တယ်။
ငန်ကျိကျိတွေမကြိုက်ဘူး။

YOU ARE READING
စုတ်ပြတ်နေတဲ့လောကကြီးမှာ သူရှိနေတာက ဆုလာဘ်ပဲ
Romantizmအရမ်းကိုပဲထူးဆန်းတဲ့ အဖြစ်တစ်ခုကိုငါကြုံကြိုက်လိုက်ရတယ်။ ဘုရားသခင်ကလား။ တခြားdimensionကတစ်ယောက်ယောက်ကလား။ မှော်ဆရာကလား။ ဂြိုလ်သားတွေကလား။ စာရေးဆရာကလား။ ကံကြမ္မာကလား။ အကြောင်းတစ်ခုကြောင့် ငါ့ရဲ့ဖြစ်တည်မှုက နေရာလွဲမှားကုန်တယ်လေ။ ငါက သမိုင်းမှာဘယ်တုန်း...