ကိုကို့မူပိုင်​လေး(One Shot)

27 0 0
                                    

"JoJo!!"

Asakura Joတစ်​ယောက်​​ ​ရေးမှတ်စရာဘောပင်ကုန်​နေတာမို့လို့ တက္ကသိုလ်ဝန်းအ​ရှေ့က စာ​ရေးကိရိယာဆိုင်မှာ မှင်လိုက်,မလိုက် စာရွက်တွင် ​ရေးခြစ်ကာ ​ဘောပင်တစ်​ချောင်းချင်း ​ရွေး​နေတုန်း သူ့နာမည်ကို အာ​ခေါင်ကွဲမတက်​အော်​ခေါ်​နေတာ​ကြောင့် အသံလာရာကိုကြည့်မိ​တော့ သူ့ဆီကို ​ခြေ​ထောက်တွင် မီးထွက်မတက် အရှိန်အဟုန်နဲ့ ​ပြေးလာသည့် အသည်းအသက်ကြီး...

"ဟာ...ကိုကိုးးးဘာလို့ အရမ်း​ပြေးလာရတာလဲ...​​မော​နေမယ်​လေ ကိုကိုရယ်..."

အသားကုန် ​ခြေ​ထောက်မီးထွက်မတက် ပြေးတုန်းက ​ပြေးလာပြီး​တော့မှ ​မောဟိုက်သွားဟန်ဖြင့် Jo၏စကားကို​တောင် ပြန်လည်မ​ဖြေကြားနိုင်​တော့ဘဲ ရင်ဘက်​ပေါ်တွင် လက်တင်ကာ ​ဟောဟဲ​ဟောဟဲလုပ်ရင်း Kက အသက်ကိုလုရှူ​နေ​လေသည်...

"JoJoဘယ်များ​ပျောက်သွားတာလဲလို့ စိတ်ပူသွားတာကိုးးးလို့....ဟွန့်!"

အ​မော​ပြေပုံရသွားသည့်Kက ​ခြေ​ထောက်နှစ်​ချောင်းကို ​​ဆောင့်​အောင့်ကာ ကိုယ်ကိုလှုပ်ရမ်းပြီး အ​ရှေ့ကို နှုတ်ခမ်း​နှစ်​တောင်​လောက်​ထော်ကာ Joကို ​ပြော​နေပုံက မသိရင် Joက အငယ်လား Kက အငယ်လားဆိုတာကို မနည်း​မေးယူရမည့်အဖြစ်ပင်...

"​ဟော...ကိုကိုရယ်...သားက ​ဘောပင်ကုန်​နေလို့ လာဝယ်တာ​လေဗျာ..."

"ဟာ...မသိဘူး! မသိဘူး! အတန်းပြီးပြီးချင်း ကိုကို JoJoအတန်းကို လာရှာ​တော့ JoJoကမှ ရှိမ​နေတာကို.....JoJoရဲ့ကိုကိုက ဘယ်​လောက်ထိစိတ်ပူသွားရလဲ သိလား..."

Kက ရည်းစားငယ်ငယ်​လေးကို ချွဲနွဲ့ကာ ပျစ်ပျစ်နှစ်နှစ်အသံနဲ့​ပြောရင်း ​ခေါင်းကလည်း JoJo၏ပုခုံးဆီကို တိုး​ဝှေ့​နေ​လေ​သေးသည်...ဒီမြင်ကွင်းကို မကြည့်ချင်ပါဘဲ အလိုလိုမြင်​နေရသည့် စာ​ရေးကိရိယာဆိုင်​လေးထဲက တခြား​ကျောင်းသား​တွေက​တော့ Kနဲ့Joတို့ကို သိသိသာသာမျက်​စောင်း​တွေ​ပေးကမ်းစွန့်ကြဲ​နေပြီး စိတ်ထဲက​နေလည်း ​မေတ္တာ​တွေ အတုံးလိုက်အတစ်လိုက် ပို့သ​နေပါ​သေးသည်...

"ကိုကိုစိတ်ပူ​နေရ​​အောင် သားက က​​လေးမှ မဟုတ်​တော့တာ​လေ ကိုကိုရယ်..."

ကိုကို့မူပိုင်​လေးWhere stories live. Discover now