1. My Youth

1.1K 93 11
                                    

၂၀၁၁ ခုနှစ်၊ ဩဂုတ်လ၊ ၃၀ရက်။


" အေး၊ အခုပဲ မင်းလက်ဆောင်ရောက်လာတာ။ ဒီနှစ်တော့ ဟုတ်လှချည်လား .. ငါက မင်း Stethoscope ပဲ ပေးအုံးမယ် ထင်တာ "

" မပြောင်နဲ့၊ မပြောင်နဲ့ ကင်မ်ဂယူဘင်း .. ငယ်ငယ်က နားမလည်လို့ တစ်နှစ်လေး လက်ဆောင်ပေးမိပါတယ်။ ပြောလို့ကို မပြီးတော့ဘူး "


ဖုန်းထဲမှ လှမ်းဟောက်နေသော ရှမ်ချွမ်ရွေ့အသံကြောင့် ဂယူ သည်ဘက်မှ တဟားဟားအော်ရယ်လိုက်မိသည်။ သူဖြစ်စေချင်သလို လေထုဟာ ပေါ့ပေါ့ပါးပါး ဖြစ်သွားရလို့ တော်ပါသေးသည်။


" အဲ့အင်္ကျီ ကြိုက်တယ်မလား၊ တစ်လလောက် ကြိုမှာထားရတာနော် "

" ကြိုက်တာပေါ့၊ Stethoscope မဖြစ်တာနဲ့တင် တော်တော် အဆင်ပြေနေပြီ "

" ဂယူဘင်း .. မင်းတော့ကွာ "


ချွမ်ရွေ့နှင့်ဂယူတို့ သူငယ်ချင်းစဖြစ်ခဲ့တုန်းက သူတို့ဟာ မူလတန်းကျောင်းသားတွေအဖြစ်သာ ရှိလိမ့်ဦးမည်။ ထိုအချိန်က ' ဆရာဝန်တွေကိုင်တဲ့ နားကြပ်မျိုးလိုချင်လိုက်တာ ' ဆိုသည့် ဂယူ့အပြောကို မှတ်ထားသော ချွမ်ရွေ့ဟာ သူငယ်ချင်းဖြစ်ပြီးချင်း နောက်နှစ်မှာ ကျရောက်လာသော သူ့မွေးနေ့တွင် Stethoscope လက်ဆောင်ပေးခဲ့သည်။ 

ဂယူ ဆိုလိုခဲ့တာက အရုပ်နားကြပ်မျိုး ဖြစ်သည့်တိုင် ရှန်သခင်လေး၏ လက်ဆောင်ဟာတော့ အစစ်ဖြစ်နေပါသတဲ့။ နောက်ပြီး ချွမ်ရွေ့က ပြောသေး၏။ ' မင်း အသက်ကြီးလာရင် ဆရာဝန်ကောင်းတစ်ယောက် ဖြစ်မှာပါ ' ဆိုပဲလေ။

အဓိပ္ပါယ်ပြည့်ဝသော လက်ဆောင်တစ်ခု ဆိုပေမဲ့ ငယ်ပေါင်းအဖြစ် ကြီးပြင်းလာကြသော သူတို့နှစ်ယောက်ကြားမှာ ယခုတော့ စနောက်စရာ အမှတ်တရလေးတစ်ခု ဖြစ်နေခဲ့လေပြီ။


" ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ရှန်သခင်လေးခင်ဗျာ "

" လက်ဆောင်ကို ကြိုက်လို့ တော်သေးတာပေါ့။ ဒီနေ့ ငါ မင်းဆီ ရောက်မလာနိုင်လို့ စိတ်မကောင်းဘူး .. မာမားက ဒီနေ့ တရုတ်ကျောင်းကို ပျက်ရင် ငါ့ကို အမွေဖြတ်တော့မှာတဲ့ "

Blue Diary ( Echo of My Blue )Where stories live. Discover now