"ညီမလေး... "
==========
Part-3
====="သမီးလေး ကိုကိုနဲ့တွေ့ခဲ့လား.."
"ဟုတ်"
သဲ ဒေါ်ဆင့်ဆင့်လှမ်းမေးတာကို ခေါင်းညိတ်ပြီး စာဖတ်ခန်းထဲ ပြေးဝင်လာခဲ့သည်။
သဲ ခုံပေါ်တင်ထားတဲ့ စာအုပ်ပေါ် မျက်နှာအပ်လိုက်ပြီး၊
"အား..မျက်နှာပူလိုက်တာ ကိုကို့ကို ဘယ်လိုမျက်နှာပြရမှာလဲ.."
ခဏအကြာတွင် စာဖတ်ခန်းတံခါးဖွင့်သံနဲ့အတူ စိုင်း ဝင်လာသည်။
"အိပ်နေတာလား "
"ဟင် မအိပ်ပါဘူး"သဲမျက်နှာ မော့လာပြီး စိုင်းကို မဝံ့မရဲမော့ကြည့်သည်။စိုင်းပုံစံက ခုနက ဘာကိစ္စမှ မရှိခဲ့သလို တည်တည်တန့်တန့်ပင်။ရေချိုးပြီးခါစ ပုဆိုးဝတ်ထားတဲ့ စိုင်းပုံစံက ရှင်းသန့်ချောမောနေသည်။သဲ မျက်နှာလေး ဘာကြောင့်မှန်းမသိ ရဲတွက်သွားရကာ၊
"ခုနက သဲက ကိုကိုတူတူပုန်းတမ်းဆော့နေတယ်ထင်လို့.."
"ငါက ကလေးလား"
"ဒါပေမဲ့ အရင်တုန်းက ဆော့တာပဲလေ."
"အဲဒါ နင်ဂျီကျလို့ပေါ့.."
"ကိုကိုက သဲဂျီကျလို့သာ ဆော့တာပေါ့ သဲနဲ့မဆော့ချင်ဘူးပေါ့"
မျက်နှာလေးမဲ့ပြောတဲ့ သဲကိုကြည့်ပြီး စိုင်း ခေါင်းပုတ်လိုက်သည်။
"ကြည့် စာသင်မယ် စာအုပ်ဖွင့်"
"ကိုကို အရင်ဖြေ"
"ဘာကိုလဲ"
"ကိုကို သဲဂျီကျပြီးဆော့ခိုင်းလို့ မုန်းနေတာလား"
"ဘာလို့မုန်းမှာလဲ ကလေးမို့ကို."
"သဲ ကလေးမဟုတ်ဘူး"
"အေးပါ လူကြီးပေါက်စလေး..စာအုပ်လှန်"
"ဟင့်အင်း..ကိုကိုဖြေ.."
"ဘာဖြေရမှာလဲကွာ.."
"သဲကို စိတ်မရှည်တာလား "
"ဟာ.. မဟုတ်ဘူးလေ နှင်းလုံးနဲ့ကိုကိုဆော့ချင်လို့ တမင်ဆော့တာ..ဟုတ်ပြီလား "
"ဒါဆို စိတ်မဆိုးဘူးပေါ့.."
"ဘာကိုလဲ."
"ခုနက ကိစ္စ.."