Part -9

1.4K 25 4
                                    

"ညီမလေး "
========
Part-9
=====

ည...၊
ညပေမဲ့ စိုင်းတစ်ယောက် အိပ်မပျော်နိုင်ဖြစ်နေသည်။အကြောင်းရင်းက နေ့လည်က ကိစ္စကြောင့်ဆိုရင် ပိုမှန်လိမ့်မည်။

သဲက သူ့ကို ဖျက်ခနဲ့ မော့နမ်းပြီး သူမဟုတ်သလိုပင် ခပ်တည်တည်နဲ့ အိမ်ပြန်သွားသည်။သူသာ အူကြောင်ကြောင်ကျန်ခဲ့ပြီး အလုပ်လဲဆက်လုပ်ဖို့ စိတ်မဝင်စားနိုင်သလို ညလဲ အိပ်မပျော်နိုင်။

စိုင်း စီးကရက်ဘူး ကောက်ယူပြီး ဝရန်တာကို ထွက်လာလိုက်သည်။စီးကရက် မီးညှိလိုက်ပေမဲ့ မျက်လုံးက သဲတို့အိမ်ဆီ ရောက်သွားသည်။

"ဟင် "

သဲအခန်းက စိုင်းတို့အိမ်ဖက်ခြမ်းမှာမို့ သဲအခန်း မီးလင်းနေတာကို အတိုင်းသားမြင်နေရသည်။

နှင်းလုံးရော သူ့လို အိပ်မပျော်တာလား ဒါမှမဟုတ် စာကျက်နေတာလား ၊

အတွေးနဲ့ ဘာမှမဆိုင်ဘဲ စိုင်း ရင်ခုန်လာသည်။

ဘာလို့အိပ်မပျော်လဲဆိုတာ ဖုန်းဆက်မေးလိုက်ရင် ရပြီမဟုတ်လား တကယ်လို့ နှင်းလုံးသာ သူ့လိုမျိုး အိပ်မပျော်ဘူးဆိုရင်..၊

စိုင်း အခန်းထဲ ပြန်ဝင်ပြီး ဖုန်းယူလာခဲ့သည်။ဖုန်းထဲက သဲဖုန်းနံပတ်ကို ကြည့်ပြီးလဲ တွေဝေသွားရပြန်ကာ..၊

စာကျက်နေရင် ဘယ်လိုလုပ်မလဲ.ဒါမှမဟုတ် မီးဖွင့်ပြီးအိပ်ပျော်နေတာလား.အိပ်နေရင်တော့ ဖုန်းမခေါ်တော့ပါဘူးလေ၊ဒါပေမဲ့ မီးဖွင့်ထားတော့ မအိပ်သေးရင်ရော..၊ဟာ.ရူပ်လိုက်တာ.ဒီအတိုင်း အိပ်နေပြီလားလို့ မေးလိုက်မယ် ဒါဆို အဆင်ပြေသွားပြီ..၊

စိုင်း အတွေးတွေ ပလုံစီလွှင့်ပျံပြီးနောက်..သဲဆီကို ဖုန်းခေါ်လိုက်သည်။

တူ..တူ..တူ..၊

ဖုန်းဝင်တာ တာရှည်သွားတော့ အိပ်နေတာနိုးပြီး အိပ်ပျက်သွားမလားဟု စိုးရိမ်သွားရသည်။ စိုင်း ဖုန်းချဖို့ ဟန်ပြင်လိုက်သည်နဲ့..၊

"ဟဲလို.."

သဲအသံ တိုးတိုးလေး ထွက်ပေါ်လာတော့ စိုင်း ရင်ခုန်သံတွေ ဆူညံသွားသည်။

ညီမလေး Where stories live. Discover now