"ညီမလေး "
========
Part-16
======ညစာစားပွဲ..၊
မိသားစုနှစ်စု ညစာစားပွဲက စိုင်းတို့ခြံထဲမှာပဲ လုပ်ဖြစ်သည်။ဒီအတိုင်း အခြားသူတွေမပါဘဲ မိသားစုနှစ်စု ထမင်းဝိုင်းစားခြင်းသာ ဖြစ်သည်။
ခြံဝန်းလေးထဲမှာပဲ စားပွဲဝိုင်းလေးနဲ့ စားစရာတွေ ပြင်ဆင်ကြသည်။ဒေါ်အမာမော်နှင့်ဒေါ်ဆင့်ဆင့်က စားစရာတွေထပ်လုပ်ရင်း အိမ်ထဲမှာပဲ ရှိသေးပြီး ဦးသုတနှင့်ဦးစိုင်းနောင်က စကားတပြောပြောနဲ့ စားပွဲဝိုင်းတွင် ထိုင်နေကြပြီဖြစ်သည်။
အကင်တွေက စုံစုံလင်လင်ရောက်နေပြီဖြစ်ပြီး စိုင်းက အသားကင်တွေ စကင်နေပြီဖြစ်သည်။သဲက ဖအေတွေရှိတဲ့နေရာမို့ ခပ်တည်တည်ပင် လက်ကလေးဝေ့ယမ်းကာ စိုင်းဆီ လျှောက်လာပြီး..၊
"ကိုကို"
"ဗျာ.. "
"သဲ ဘာကူလုပ်ပေးရမလဲ "သဲက ပြောလည်းပြော တုတ်ထိုးထားတဲ့အသားတစ်ချောင်းကို ကောက်ကိုင်သည်။
"မကိုင်နဲ့ ပြန်ချထားလိုက်..စားမယ်ဆိုရင် ကျက်ပြီးသားဟာတွေ ယူစား.."
"ဟုတ်ဘူးလေ..သဲက ကိုကိုနဲ့အတူအကင်ကူကင်ပေးချင်လို့..""မဖြစ်ပါဘူး အပူလောင်နေလိမ့်မယ်.ကြည့်ချင်တယ်ဆိုလဲ အဲနားမှာ ထိုင်နေ"
"ဟွန့်."သဲက ထိုင်ခုံတစ်လုံး ဆွဲယူထိုင်ပြီး ကင်ပြီးသား အကင်တစ်ချောင်းကိုလည်း ယူစားသည်။
"ကိုကိုက အဲလိုလုပ်နေရင် သဲဘာမှမလုပ်တတ်ဘဲနေမယ်နော် နောက်မှ မလုပ်တတ်မကိုင်တတ်လို့ မဆူကြေး.ကတိ."
"ကတိကွာ မီးဖိုချောင်မဝင်တတ်တာလေးနဲ့တော့ ဘယ်တော့မှ မဆူဘူး.."
"ရေး.."သဲက ဝမ်းသာအားရ ထအော်လိုက်ပြီးမှ..ဖခင်နှစ်ယောက်ကိုသတိရသွားကာ လှည့်ကြည့်၍ ဟီးခနဲ့ ရယ်ပြသည်။
"ဟီး.."
သဲနှင့်စိုင်းပြောနေတာကို အတိုင်းသားကြားနေရတာမို့ ကိုယ့်သမီးရဲ့မရင့်ကျက်သောအပြုအမူကြောင့်
ဦးသုတက ဦးစိုင်းနောင်ကို အားနာစွာ လှည့်ကြည့်သည်။ သို့ပေမဲ့ ဦးစိုင်းနောင်က ခေါင်းတညိတ်ညိတ် ပြုံးနေပြီး.. ၊