"ညီမလေး "
========
Part-17
======"နှင်းလုံးလေး."
သဲ ခြံအပြင်ကို ထွက်ပြေးသွားတာမဟုတ်ဘဲ ခြံထဲကိုသာ ပြေးထွက်သဖြင့် လူကြီးတွေက စိုင်း လိုက်သွားရုံဖြင့် ဒီအတိုင်း ထားလိုက်သည်။အဘယ်ကြောင့်သော်..သဲစိတ်ဆိုးသွားတာက စိုင်းကြောင့်ပင်မဟုတ်လား။
"နှင်းလုံးမက နှောက်ပြီ..မာမီ ကျွန်တော်ဖုန်းသွားပြောလိုက်အုံးမယ်"
"အေးအေး "ဒေါ်အမာမော်က စိုးသူရကို ခေါင်းညိတ်ပြရင်း ဒေါ်ဆင့်ဆင့်ကို အားနာစွာ လှည့်ကြည့်သည်။
"သမီးက ငယ်သေးတော့ မရင့်ကျက်နိုင်ဘူး ဆင့်ရယ်.."
"မဟုတ်တာ စိတ်ကောက်စိတ်ဆိုးတာက မိန်းကလေးအလုပ်၊ချော့ရမှာက ယောက်ျားလေးအလုပ်လေ ဟုတ်တယ်မလား ယောက်ျား..""အင်း.. ဆိုပါတော့ "
"ဒါပေမဲ့လဲ အလုပ်ကိစ္စပဲမလား သမီးက ကလေးကလားဆန်သွားပါတယ်.ကျွန်တော်တို့မိဘတွေရဲ့အမှားပါပဲ..""မဟုတ်တာ ကိုသုတ ဒီကိစ္စက သားအပြစ်ပဲ ဘာလို့ဆို သမီးလေးကို တစွန်းတစတောင်မပြဘဲ ဖွင့်ပြောလိုက်တဲ့အကြောင်းကြောင့်ပါပဲ.."
"ဟုတ်တယ် သားက ကျွန်တော်ကိုတော့ပြောပြဖူးပေမဲ့ ချက်ချင်းကြီးကျတော့ သမီးလေးက ဘယ်လိုလက်ခံနိုင်ပါမလဲ..""ဟုတ်တယ် ယောက်ျားပြောတာ ဆင့်လက်ခံတယ် သမီးလေးမပြောနဲ့ ကျွန်မတောင် မခွဲနိုင်ဘူးရယ်.."
သူတို့သားပဲမှားပြီး ချွေးမဖြစ်မဲ့မိန်းကလေးကို သမီးလေးခေါ်ကာ ပါးစပ်ကမချတဲ့ ဒေါ်ဆင့်ဆင့်တို့လင်မယားက စိတ်သဘောထား ပြည့်ဝလွန်းသည်။
စိုင်း ခြံစပ်နားရောက်လာပေမဲ့ သဲကို မတွေ့ရ။သို့ပေမဲ့ ခြံမလွယ်ပေါက်ဟနေတာမြင်တော့ စိုင်း နားလည်သွားရသည်။
ထို့ကြောင့်ပင် စိုင်း မလွယ်ပေါက်ကနေ တဖက်ခြံထဲကို ဝင်လာခဲ့သည်။တဖက်ခြံထဲ ခြေချလိုက်သည်နှင့်.ခပ်တိုးတိုး ရိူက်သံလေးကို.ကြားရသည်။
"ဟင့်ဟင့်.ဟင့်."
မှိုန်ပျပျလေး မီးရောင်ကြောင့် ခရေပင်အောက်တွင် ဒူးပေါ်မျက်နှာမှောက်ပြီးငိုနေတဲ့ သဲကြောင့် စိုင်းရင်ထဲ မချိဖြစ်သွားရသလို ခြေလှမ်းကလည်း အပြေးတပိုင်းဖြစ်သွားရသည်။