"ညီမလေး "
========
Part-18
======"အား...ပျင်းလိုက်တာ.. "
သဲ ဆိုဖာပေါ် တက်ခွေနေရင်းမှ ညည်းညူလိုက်သည်။သင်တန်းလည်း ပြီးသွားပြီဖြစ်သလို ပထမဆုံးထိုးတဲ့ စိုင်းအတွက် သိုးမွှေးအင်္ကျီကလည်း ပြီးဆုံးသွားပြီဖြစ်သည်။
တစ်ထည်တည်း ထိုးရပေမဲ့ လူက အားစိုက်လိုက်သဖြင့် နည်းနည်း ညောင်းညာပြီး နောက်တစ်ထည် မစချင်သေး။
အစတုန်းက စိုင်းကို လွမ်းပြီး မစားချင်မသောက်ချင်နှင့် အတော်ခံလိုက်ရပေမဲ့ တစ်လလောက်နေတော့ အနေကျတော့သည်။ညနေ စိုင်းအားချိန် ဖုန်းပြောတဲ့အချိန်ကလွဲရင် သိပ်ပြီးသတိတရ မလွမ်းမိတော့ဘဲ နေတတ်လာသည်။
"ရင်း..ရင်း..."(ဖုန်းမြည်သံ)
သဲ လှဲနေရင်းမှ စားပွဲပေါ်က ဖုန်းကို လှမ်းယူလိုက်သည်။ဖုန်းခေါ်သူက သစ်သစ် ဖြစ်နေတော့ သဲ ပြုံးလိုက်သည်။ပျင်းနေတုန်း အတော်ဖြစ်သွားရသည်မဟုတ်ပါလား..။
"ဟဲလို သစ်သစ် "
"အေး..သဲ နင်ခုဘာလုပ်နေလဲ..အားလား""အိပ်နေတယ် ဘာလို့လဲ"
"မနက်ဖြန် အောင်စရင်းထွက်မဲ့နေ့လေ..မသိဘူးလား ""သိတယ် နင်ပြောနေတာနဲ့ဘာဆိုင်လို့လဲ"
"နင် အောင်မယ်လို့ ထင်လား ""အင်း အားလုံးနီးပါးဖြေနိုင်ခဲ့တော့ ထင်တာပဲလေ.."
"ငါတို့ အောင်စရင်းထွက်ပြီးနောက်နေ့ဆို ပါတီလုပ်မလို့.."
"ပါတီ.."မသွားရ၊မလာရတာရော ပျင်းနေတာရော ကြာနေပြီမို့ သဲ ခေါင်းထောင်သွားသည်။
"နင် လုပ်မှာလား.."
"ငါတစ်ယောက်တည်း မဟုတ်ပါဘူး သူငယ်ချင်းတွေ စုပြီးတော့..အဲဒါ နင်ပါမလားလို့ မေးကြည့်တာ""အာ..ငါမာမီကို ပြောကြည့်ပြီး ပါမယ်လေ ဘယ်လိုလဲ "
"ငါသေချာသိတယ်.""ဟင် "
"နင်သာအောင်ရင်ပါရမယ်..""ဒါတော့ နင်ပြောမှလားဟ."
"ခစ်ခစ် အားနေရင် အိမ်လာပါလား..ကျောက်ပွင့်သုတ်ကျွေးမယ်လေ""ကျောက်ပွင့်သုတ်တော့ စားချင်ပေမဲ့ လာလို့မရဘူး အိမ်စောင့်နေတာ..မာမီအပြင်သွားလို့.."
"အေးပါ အေးပါ ဒါဆိုလဲ..ဖုန်းချပြီ "