Part -14

1.3K 29 0
                                    

"ညီမလေး "
========
Part-14
======

ကစားကွင်း.. ၊

"အော့ ဟူးး.. "
"ခစ်ခစ်.. အရမ်းပျော်ဖို့ကောင်းတယ်."

သဲက မြင့်မားရူပ်ပွေလွန်းတဲ့ ရိုလာကိုစကာ လမ်းကြောင်းကို သဘောတကျကြည့်ပြီး ရယ်သည်။ထို့နောက်..၊

"နောက်တစ်ခေါက် ထပ်စီးမယ်.."
"ဟမ်..နောက်တစ်ခေါက်လား.."

သဲက စိတ်ပါလက်ပါနဲ့ အားတက်သရော ပြောတာကို စိုင်းက ငုတ်တုတ် အော့အန်နေရင်းမှ အထိတ်အလန့် လှည့်ကြည့်သည်။

"အင်း ပျော်ဖို့ကောင်းတယ်နော်.."
"မကောင်းပါဘူး မြင်းပဲစီးရအောင်.."

"ဟင့်အင်း ရိုလာကိုစကာပဲ.စီးမယ်."
"ခေါင်းအရမ်းမူးတယ် နှင်းလုံးရယ်.."

သဲက ငုတ်တုတ်ထိုင်နေတဲ့ စိုင်းကို တချက်ကြည့်ပြီး နှုတ်ခမ်းလေး စူသည်။

"ကိုကိုက ပျော့လို့ပေါ့ သဲက ခုမှစီးရတာကို မာမီလိုက်ပို့တုန်းကလဲ မစီးရဘူး.."
"မိုးပျံရထား စီးရင်ရော.ရိုလာကိုစကာက ဇောက်ထိုးကြီးတွေထိုးဆင်းတော့."

"ဟင့်အင်း ရိုလာကိုစကာပဲစီးမယ် နော် ကိုကို.ကိုကိုလို့."
"အင်း စီးကြတာပေါ့.."

စိုင်း ချောင်နေတဲ့ဒူးကို လက်နဲ့ဖိဖျစ်လိုက်ပြီး ထရပ်လိုက်သည်။ကစားကွင်းလာပြီး စီးချင်တာ မစီးရလို့ သဲကိုတော့ စိတ်ညစ်မခံချင်ပါ။သူမလေး လုပ်ချင်တာအကုန် ပေးလုပ်ရမှာက သူ့တာဝန်ပင်။

"ကိုကို ခေါင်းမူးတယ်ဆိုရင် သဲမစီးတော့ဘူးလေ.."

မစီးတော့ဘူးလို့ပြောတဲ့ သဲမျက်ဝန်းတွေက ရိုလာကိုစကာဆီမှ ဆွေးတမြေ့မြေ့..၊

"မဟုတ်ဘူး အတူထပ်စီးကြမယ်.."
"တကယ်လားဟင် ဒါပေမဲ့ ကိုကိုက ခေါင်းမူးနေတော့.."
"ရတယ် ခဏနေပျောက်သွားမှာပါ.."

ထိုစဉ်.. ၊

"သဲ.."

သဲနဲ့စိုင်းက ခေါ်သံကြောင့် လှည့်ကြည့်ကြသည်။

"သရဖီတို့ပဲ ကိုကို "
"အင်း "

သရဖီကို သိတာမို့ စိုင်းက ခေါင်းညိတ်ပြသည်။
သရဖီက ခေါ်လိုက်တာပေမဲ့ ခြေလှမ်းကျဲကြီးနဲ့ရှေ့ကို အရင်ရောက်လာတာက..လင်းခန့်ညို ၊သူ့နောက်တွင် သရဖီနဲ့ မောင်မောင် ။ မောင်မောင်က လင်းခန့်ညိုရဲ့သူငယ်ချင်း.။

ညီမလေး Where stories live. Discover now