"ညီမလေး "
========
Part-11
======"ဘာလုပ်နေကြတာလဲ မင်းတို့ "
"ဟမ် အဲဒါက..အဟွတ်"စိုင်းက ပြန်ဖြေပေမဲ့ ပါးစပ်ခလုတ်တိုက်နေကာ ချောင်းထဆိုးသည်။စိုးသူရက နှုတ်ခမ်းမဲ့လိုက်ကာ.၊
"နှင်းလုံးမ နင် မျက်နှာလိုက်လှချည်လား.."
"ဟင်..""ကိုယ့်အစ်ကိုအရင်းကိုကျတော့ ကတ်ကတ်လန်ရန်တွေ့ပြီး စိုင်းကိုတော့ အနမ်းတောင် ပေးလိုက်သေးတယ်"
"မဟုတ်ဘူး..အဲဒါက.ငါ."စိုင်းစကားမဆုံးမီပင် စိုးသူရက လက်ကာပြလိုက်ပြီး၊
"ငါသိပါတယ် ခရေပန်းသီပေးလို့ မင်းကို မျက်နှာလိုက်တာ ငါ့ညီမဆိုပေမဲ့ အတော်တွန့်တိုတယ်."
"ဘာဖြစ်လဲ ကိုယ့်ကျတော့ သဲကိုဘာမှမလုပ်ပေးဘဲ အနမ်းခံချင်တာလား ဝေးသေး ""ငါကလဲ ဝေးသေးပါနော်.နင့်လိုရုပ်ဆိုးဆီကတော့ အနမ်းမခံနိုင်ဘူး.ငါ့ကောင်မလေးချောချောဆီကသာ.."
"ကောင်မလေးက ဘယ်တော့ရမှာလဲ ဒီအသက်အရွယ်ရောက်နေပြီ ခုထိ Fa လေ စိတ်ကူးယဉ်နေတာ ရပ်သင့်ပါပြီ ကိုကိုရေ အဲ..ကိုကြီးရေ..""အောင်မာ ရပ်စမ်း နှင်းလုံးမ ရပ်နေစမ်းလို့ငါပြောနေတယ်"
"ဆုတောင်းလေ.."သဲက လျှာလေးထုတ်ပြပြီး လှစ်ခနဲ့ အိမ်ထဲပြေးဝင်သွားသည်။စိုးသူရလဲ နောက်က ပြေးလိုက်သွားပြီး ကျန်ခဲ့တဲ့ စိုင်းက အသက်ကျသွားပုံဖြင့် သက်ပြင်းရှည်ချလိုက်ကာ၊
"တော်ပါသေးရဲ့ သူရက ငတုံးမို့"
❤❤❤❤❤❤❤
ဆယ်တန်း စာမေးပွဲကြီးက တဖြေးဖြေး နီးကပ်လာသလို သဲတစ်ယောက်လဲ စာအုပ်နဲ့မျက်နှာမခွာ ဖြစ်နေသည်။
ခါတိုင်းနှစ်လို ပြောဆိုမနေရဘဲ သဲက စာလုပ်ဖို့ကို ကိုယ်တိုင် စိတ်ပါလက်ပါ လုပ်နေသဖြင့် ဒေါ်အမာမော်က ပီတိဖြာနေသည်။
ထို့အတူ စိုင်းနဲ့တွေ့ချိန်လဲ နည်းပါးသွားသလို ဖုန်းကလဲ အချိန်နဲ့ကိုင်ရသဖြင့် သဲအားတဲ့အချိန်တိုင်း စိုင်းက အလုပ်ထဲမှာ အလုပ်များနေတဲ့အချိန်နဲ့တိုက်ဆိုင်စွာပင် ကြုံနေတတ်သည်။