"ညီမလေး "
========
Part-7
====="ကိုကို လက်ခံလားဟင်."
ချွဲနွဲ့သော၊ချိုမြိန်သော ရင်ခုန်လှိုက်မောသော သဲအသံလေးကြောင့် စိုင်း ခေါင်းမခါရက်။
"ဟင်လို့ ကိုကိုရေ.."
ထိုစဉ်.. ၊
"အဟမ်း.."
နောက်က ချောင်းဟန့်သံနဲ့အတူ ဦးစိုင်းနောင် အိမ်ထဲဝင်လာသည်။စိုင်းကို ဖက်ထားဆဲ သဲက ထိုအခါမှ လက်လွှတ်ခွာပြီး..၊
"အိုး..အန်ကယ် ပြန်လာပြီပဲ အလုပ်မှာအဆင်ပြေခဲ့လားရှင့်."
"ပြေပါတယ် ပြေပါတယ်. "ဦးစိုင်းနောင်က ခပ်ပြုံးပြုံးပြောပြီး သူ့အခန်းထဲ လှမ်းဝင်သွားသည်။သဲမျက်နှာလေးကတော့ ရဲတွက်နေကာ.၊
"ကိုကိုကလဲ အန်ကယ်လာတာ မပြောဘူး"
"ကိုယ်မှမမြင်တာ.ပြီးတော့ ဘာဖြစ်လို့လဲ ""သဲက ကိုကို့ကို ဖက်ထားတော့ အန်ကယ်ကတမျိုးမြင်မှာပေါ့လို့"
"ဘယ်မြင်မလဲ ခုလိုပုံစံမျိုးက ပထမဆုံးမှ မဟုတ်တာ.""ဒါပေမဲ့..အား..ကိုကို့အင်္ကျီမှာ.ချောကလက်တွေ"
"ကြည့်စမ်း ညစ်ပတ်အိုးလေး.."သဲလက်မှာ ကိုင်ထားတဲ့ ချောကလက်တွေက စိုင်းအင်္ကျီမှာ ပေကျံလျက်။
"သဲ ပြန်လျှော်ပေးမယ်..ချွတ်ချွတ် ကိုကို့အင်္ကျီချွတ်ပေး.."
"ရတယ် နောက်မှ မိဘုတ်လျှော်လိမ့်မယ်.""ဟင့်အင်း မရဘူး..သဲကြောင့်ပေတာ သဲလျှော်ပေးမယ်."
"အင်္ကျီလျှော်တတ်လို့လား.""အထင်သေးလို့ မိန်းကလေးလုပ်သင့်တဲ့အလုပ်တွေအကုန် လုပ်တတ်ပါတယ်နော် "
"အိုး..ဟို.."စိုင်းရဲ့ရယ်မြူးရိပ်သောအပြုံးကြောင့် သဲက မျက်နှာကို ခပ်မော့မော့လေးပင် ထားလိုက်သေးသည်။
"နော်လို့ အင်္ကျီပေး."
"ဟုတ်ပါပြီ ဒါပေမဲ့ အင်္ကျီအရင်သွားလဲလိုက်ဦးမယ်လေ..""သဲရော လိုက်မယ် "
"အိုခေ "စိုင်းအခန်းက သဲ ဝင်နေထွက်နေကြမို့ စိုင်း ကြည်ဖြူစွာပင် ခေါင်းညိတ်လိုက်သည်။