"ညီမလေး "
========
Part-8
=====စနေနေ့ အလုပ်ပိတ်ရက်ပေမဲ့ ကွန်ပြူတာနှင့်စာရွက်စာတမ်းတွေ တစ်ထပ်ကြီးနဲ့ စိုင်းက အလုပ်ရူပ်နေသည်။
မနက်စာ စားပြီးကတည်းက လုပ်နေတဲ့တိုင်း ဖိုင်တွေ တစ်ခုပြီးတစ်ခု စိစိစစ်စစ်လုပ်တတ်တဲ့ စိုင်းက အားလုံးပြီးသွားတောင် တစ်ခုချင်းပြန်စစ်သည်။
"လက်ဖက်သုတ်လေးစားပြီး နားနားနေနေ လုပ်ပါ သားရယ်"
ဒေါ်ဆင့်ဆင့်က ပြောလဲပြော စိုင်းအတွက် ပုစွန်ခြောက်များများနဲ့လက်ဖက်သုတ်ပန်းကန်ကို စားပွဲပေါ် လာတင်ပေးသည်။
"ကျေးဇူးပါပဲ မာမီ"
စိုင်းက လက်ဖက်သုတ်တစ်ဇွန်းကို ခပ်စားလိုက်ရင်း ပြုံးလိုက်သည်။ အမြဲတမ်း မာမီသုတ်ပေးတဲ့ လက်ရာက မပြောင်းမလဲ အရသာကောင်းလွန်းလှသည်။
လက်ဖက်သုတ်ထဲက ပုစွန်ခြောက်တွေမြင်တော့ အလိုအလျောက် စိုင်းအတွေးထဲသို့ သဲက ဝင်လာသည်။
သဲက လက်ဖက်သုတ်စားတိုင်း ရှေ့ကနေ ပုစွန်ခြောက်တွေကိုချည်း အရင်ရွေးစားပစ်တတ်သည်။"လက်ဖက်သုတ်က နှင်းလုံးလဲ ကြိုက်တယ်မလား မာမီ."
"အင်း ကြိုက်တယ်ထင်တယ်..""ဒါဆို မာမီထပ်သုတ်ပေးပါလား သား နှင်းလုံးနဲ့စိုးသူရကို သွားခေါ်လိုက်မယ်."
"ဟမ် အေးအေး.. "ခုနကထိ ရူပ်လှပါတဲ့ဆိုသော အလုပ်တို့သည် ကြက်ပျောက်၊ငှက်ပျောက် ဖြစ်သွားကာ စိုင်းက ခြေလှမ်းကျဲကြီးနဲ့ အိမ်ပြင်ရောက်သွားပြီဖြစ်သည်။
ဒေါ်ဆင့်ဆင့် စဉ်းစားမနေအားတော့ဘဲ မီးဖိုချောင်ထဲပြန်ဝင်လာခဲ့ရသည်။
တဖက်ခြံ စိုင်းရောက်သွားတော့..အိမ်တံခါးဝတွင်ပင် ဒေါ်အမာမော်နဲ့ တန်းတိုးသည်။
"အော် စိုင်းပါလား အလုပ်နားလို့ ဒီနေ့တော့ အေးဆေးပေါ့ "
"ဟုတ်ကဲ့ ""စိုးသူရက အပေါ်ထပ်မှာ သား တက်သွား "
"ဟို ကျွန်တော်က နှင်းလုံးနဲ့စိုးသူရကို လာခေါ်တာ.."အောက်ထပ် ဧည်ခန်းမှာ ဖခင်ဖြစ်သူနဲ့ လက်ဖက်သုတ်စားနေတဲ့ သဲက စိုင်းကို ရိပ်ခနဲ့ မြင်သည်နဲ့ မျက်နှာတပြင်လုံး ချိုမြိန်သွားရသည်။ထို့ကြောင့် ကုန်သွားပြီဖြစ်တဲ့ လက်ဖက်သုတ်ပန်းကန်ကို ဆွဲယူပြီး..၊