လူတွေဟာနာကျင်မှုကိုဘာနဲ့တိုင်းတာပါသလဲ
မင်ဂျောင်းရဲ့တစ်ချိန်ကဘဝဟာ ထိုမေးခွန်းရဲ့အနက်အဓိပ္ပာယ်ကိုမသိရလောက်အောင်ရိုးရှင်းတည်ငြိမ်ခဲ့ပြီး အေးချမ်းစရာကောင်းလွန်းခဲ့တယ် ။
နာကျင်မှု ( ၁)
သူ့ဘဝတစ်လျှောက်လုံးကိုတွက်ကြည့်လိုက်တဲ့အခါ သူမွေးကင်းစအချိန်ကစလို့ အခုအခြေအနေအထိ အဲ့မိန်းမနဲ့အတူတူရှိနေသည့်အချိန်မှလွဲ ကျန်တာအားလုံးဟာ အဓိပ္ပာယ်မဲ့နေသည်ဟု မင်ဂျောင်းယူဆသည် ။
အဲ့မိန်းမဟာ အဓိကဇာတ်လမ်းရုပ်ရှင်တစ်ခုဖြစ်ပြီး သူမ မပါဝင်တဲ့ မင်ဂျောင်းဘဝရဲ့နေရာတွေဟာ ဇာတ်လမ်းမဟုတ်ပဲ ဇာတ်လမ်းမစခင်နဲ့ဇာတ်လမ်းပြီးဆုံးချိန်မှာပြတတ်တဲ့ ကြော်ငြာတွေသာဖြစ်တယ် ။
ဆိုတော့ကား ဇာတ်လမ်းရဲ့အစကိုသွားကြည့်ရအောင် ၊ သူများတွေလိုထူးခြားဆန်းပြားတာမျိုးလဲမရှိ ခန့်ညားထည်ဝါတာမျိုးလဲမရှိပြန်တဲ့ဒီဇာတ်လမ်းရဲ့အစဟာ မင်ဂျောင်းအသက်တစ်ဝက်လောက်ကနေ စပြီးနေထိုင်ခဲ့တဲ့ သာမန်လူတန်းစားရပ်ကွက်တစ်ခုရဲ့ ၂၄နာရီစတိုးဆိုင်ကနေစတယ် ။
စာသင်နှစ်ပြီးဖို့ သုံးလကျော်လောက်သာလိုတော့သည်မို့ ဘွဲ့ရခါနီးမင်ဂျောင်းဟာ စာကျက်ရာတွင်စားဖို့ မုန့်အချို့ကို ၂လမ်းကျော်မှာရှိတဲ့ဆိုင်တွင်လာဝယ်တာဖြစ်သည် ။
အားကစားဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ကိုထည့်ရင်း စိတ်ပျက်လက်ပျက်ပျင်းရိစွာဖြင့် ဆိုင်ထဲဝင်လာခဲ့သည် ။
တံခါးက ဘဲလ်သံဟာကျယ်လောင်သည်ဟု မင်ဂျောင်းထင်သည် သို့သော် အဖက်လုပ်မနေပဲလုပ်စရာရှိတာအမြန်လုပ်ဖို့ကြိုးစားလိုက်သည် ။ ဆောင်းရာသီမို့ ညနေ၆နာရီကျော်ကပင်တော်တော်မှောင်နေသည် ။
ချောကလက်တွေ energy drink တွေနဲ့ ရေခဲမုန့်တွေယူပြီးကောင်တာကိုသွားဖို့အလုပ် ခေါက်ဆွဲကိုသတိရပြီး လေးလံနေပြီဖြစ်တဲ့ဈေးခြင်းကိုကိုင်ဆွဲရင်း ခေါက်ဆွဲတွေရှိရာအတန်းကိုသွားရပြန်တယ် ။
ထပ်ပြီး စဉ်းစားရခက်တဲ့အချိန်တွေပါပဲ မင်ဂျောင်းဟာအစပ်မစားနိုင်သလို ချေးကလည်းတော်တော်များသည် ။ ရွေးနေရင်း ရုတ်တရက် တစ်ခုခုပြုတ်ကျသံကြားလိုက်သည် ။