လူတိုင်းနီးပါးမှာ သူတို့ဖြစ်ချင်ကြတဲ့ ဒါမှမဟုတ် ဖြစ်မယ်လို့ယူဆထားတဲ့ နူးညံ့စရာဆက်ဆံရေးလေးတွေရှိတယ် ၊ သူ့အတွက် နာကျင်စရာကောင်းတာက ဖြစ်နေပြီလို့ထင်ရပေမယ့် တကယ်တမ်းက ဖြစ်ကိုဖြစ်မလာခဲ့တဲ့အရာဖြစ်နေတာပဲ
အတိတ်ဘဝက မကောင်းတာတွေ ရီနာ သိပ်လုပ်ခဲ့တယ်လို့ထင်တယ် ၊ ရှိသမျှအကုန်ပေးပြီး တနင့်တပိုးချစ်ပေးနေတာတောင်မှ ဝဋ်ကြွေးတစ်ခုသဖွယ်မပျော်ရွှင်နိုင်ဖြစ်နေရတယ်
နာကျင်ခြင်း ( ၁၀ )
ဘေးနားတစ်ဝိုက်ကလှုပ်ရှားမှုတွေကြောင့် မင်ဂျောင်း နိုးလာတော့ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်နေတဲ့ ရီနာဟာ မင်ဂျောင်းကို နေမင်းကြီးသဖွယ်တောက်ပစွာ ကုတင်ဘေးရပ်နေရာမှပြုံးပြလာသည် ။
" ပြန်အိပ်ပါအုံးလား မင်ဂျောင်း တို့ကြောင့်နိုးလာတာလား "
" ဟင့်အင်း မအိပ်တော့ဘူး ၊ ကျွန်မကိုမနှိုးပဲအလုပ်မသွားပါနဲ့လို့မှာထားတယ်လေ ဘာလို့ပြောတာကိုနားမထောင်ရတာလဲ "
" တို့ကမင်းအိပ်ရေးပျက်မှာစိုးရိမ်မိလို့ပါ စိတ်မဆိုးပါနဲ့တော့ ၊ မနက်စာပြင်ပေးထားခဲ့တယ် ကုန်အောင်စားနော် "
မင်ဂျောင်းဟာ ရစ်ပြီး ပြဿနာရှာချင်နေမှန်း ရီနာရိပ်မိပါတယ် ၊ သူတို့တွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မင်ဂျောင်းဟာအရင်လိုမဟုတ်တော့ပါပဲ ကိစ္စသေးသေးလေးတွေကအစလိုက်ပြောနေတတ်ပြီး မကြာခန ရီနာ့ကိုစိတ်ဆိုးစိတ်ကောက်လေ့ရှိသည် ။
အကြောင်းမဲ့ပြဿနာကိုတမင်ရှာနေတဲ့သဘောမျိုး မဟုတ်ပဲ ရီနာ့ကိုချစ်လွန်းလို့ ချုပ်ချယ်တာမျိုးပါ ၊ အဲ့အချက်ကြောင့်ပဲ ရီနာသည်းခံပြီးနေနေရတာပေါ့ ။
" စကားလမ်းကြောင်းလွှဲလိုက်တာလားအခုက ၊ ကျွန်မပြောတဲ့စကားကိုကျေးဇူးပြုပြီး အလေးထားပေးရင်ကောင်းမှာပဲ ရီနာ "
" တို့တောင်းပန်ပါတယ်တကယ် နောက်မဖြစ်စေရဘူး ကတိပေးတယ် "
ထပ်ပြီး ရီနာအလျော့ပေးလိုက်ပြန်သည် ၊ သူ့ကိုအိပ်ရေးပျက်ပြီး ပင်ပန်းမှာစိုးတဲ့စိတ်နဲ့ အလုပ်မသွားခင်မနှိုးပဲထားခဲ့တာကို ဘာတွေထပ်တွေးနေပြန်ပြီလည်းမသိ ။