ထပ်ဆောင်းရောက်လာတဲ့ နာကျင်မှုတိုင်းက ဦးနှောက်ကတဆင့် နှလုံးသားစီကို တိုက်ရိုက်ရောက်သွားတယ် ၊ အဲ့ကနေတဆင့် တရိပ်ရိပ်ထိုးတတ်လာပြီး ကြာရင် အဲ့ဒဏ်ကိုသည်းမခံနိုင်တော့ဘူး ၊ ပြီးတော့ ပုံမှန်နာကျင်မှုထက် ကိုယ်နဲ့မသက်ဆိုင်တဲ့သူကိုချစ်ရတဲ့နာကျင်မှုကပိုပြီးတော့များတယ် ၊ သူ့နှလုံးသားဝယ် နာကျင်မှုတွေကတရိပ်ရိပ်လျံကျလို့
နာကျင်လို့နာကျင်မှန်းတောင်မသိရလောက်အောင် အသိစိတ်ပျောက်သွားတဲ့အထိ မင်ဂျောင်းခံစားနေရတယ် ၊ ဖြေဖျောက်ဖို့မကြိုးစားတော့ဘူးဆိုတာ သူမလိမ်လိုက်တာပါ ၊ ထွက်ပေါက်တော့ရှာရမယ်မလား ၊ ဒါပေမဲ့ ခါရီနာယူကထပ်ပြီးထွက်ပေါက်ပဲ
နာကျင်ခြင်း (၆)
စိတ်ပေါက်ပေါက်နဲ့ အဲ့မိန်းမကိုပြစ်ထားလိုက်မယ်လို့တွေးပြီး အိမ်တွင်းပုန်းနေပေမယ့် ၂ရက်အကြာမှာတော့ သတိတရဖြစ်တဲ့စိတ်ကဘယ်လိုမှထိန်းသိမ်းထားလို့မရတော့ဘူး ။
အဲ့ကြားထဲ ရီနာသူမရှိရင်အထီးကျန်နေမလား ၊ ဟင်းချက်ရင်တစ်ယောက်တည်းဖြစ်နေမှာလား ဒါမှမဟုတ် သူမသိအောင်ပစ္စည်းလေးလေးတွေ မ နေမလားဆိုတဲ့စိတ်က မင်ဂျောင်းကိုထိုင်နေရကနေ ကုန်းရုန်းထအောင်လုပ်နိုင်စွမ်းရှိတယ် ။
ခဲနက်ရောင်ဟူဒီနဲ့ လမ်းသရဲဆန်ဆန်ဂျင်းဘောင်းဘီအပွတွေဟာ ရီနာ့ဘေးမှာဆို ကလေကချေနည်းနည်းဆန်တယ် ၊ အားကစားအင်္ကျီနဲ့ဆို သူတောင်းစားနဲ့ပိုတူလို့ ကလေကချေကပိုကောင်းတယ်လို့တွေးမိပြီးနောက်ပိုင်း မင်ဂျောင်း ဒီလိုတွေဝတ်စားဆင်ယင်မိလာတယ် ။
ခါးတစ်ဝိုက်က ဆံပင်ရှည်တွေကိုဒီတိုင်းချထားပြီး ဦးထုပ်တစ်လုံးဆောင်းလိုက်တယ် ၊ ရီနာ့စီမသွားခင် သူ့အတွက်တစ်ခုခုဝင်ဝယ်ပေးမယ်လို့စဉ်းစားလိုက်မိလို့ ။
တံခါးကိုလော့ခ်ချပြီးနောက် မျက်လုံးတွေကထုံးစံအတိုင်း တားမရပါပဲ ထိုအခန်းတံခါးကိုချက်ချင်းကြည့်မိသွားသည် ၊ အရင်တစ်ခါကလိုတံခါးဟာ ဟ မနေဘူး ၊ အခန်းတံခါးဝမှာလည်း ယောင်္ကျားတစ်ယောက်ရပ်မနေတော့ဘူး ဒါပေမဲ့လည်း မင်ဂျောင်းစိတ်မအေးရပြန်ပါဘူး ။