6+1

134 13 1
                                    

လူတွေက နှလုံးသားကိုထိခိုက်စေမယ့်အရာနဲ့ကြုံလာတဲ့အခါ အဲ့အရာကိုမရှောင်ဖယ်ပါပဲနဲ့ နာကျင်ခြင်းကိုပဲရှောင်ဖယ်ဖို့ကြိုးစားကြတယ် အကြောင်းရင်းက နှလုံးသားကိုဘယ်လောက်ထိခိုက်နေပါစေ ထိခိုက်ရတဲ့အကြောင်းအရင်းကိုမစွန့်ပြစ်နိုင်လို့ အဲ့သလောက်ထိကို နက်နက်နဲနဲချစ်တတ်မိသွားကြလို့

အဲ့မိန်းမက သူမအရှုံးတွေရဲ့အစ ၊ ပျက်စီးမှုတွေရဲ့အစပါလို့ မင်ဂျောင်း မစွပ်စွဲရက်ဘူး ဒါပေမဲ့လည်း အမှန်တရားဟာခါးတယ် ၊ သူတစ်ယောက်ကသာလျှင် မင်ဂျောင်းကိုထိခိုက်အောင်လုပ်နိုင်သူပဲ

နာကျင်ခြင်း ( ၇ )

ကုတင်ဘေးအံဆွဲပေါ်ကဖုန်းမြည်သံကသိပ်ကိုကျယ်လောင်လွန်းတယ် ။

မင်ဂျောင်းချက်ချင်းနိုးသွားပြီး ရီနာကတော့နိုးလုနီးပါး ၊ ဖုန်းပိုင်ရှင်ကတော့ တခြားမဟုတ်တဲ့ ကင်မင်ဂျောင်းသာဖြစ်တယ် ။

" ဟယ်လို "

တစ်ဖက်ကဖုန်းကိုကိုင် ကျန်တဲ့လက်တစ်ဖက်က စောင်ကို ရီနာပေါ်တိုး၍ခြုံပေးနေပြီး မင်ဂျောင်းဖုန်းဖြေလိုက်တယ် ။

" ဘယ်မှာလဲ "

တစ်ဖက်ကအသံက စပ်စုမှုတွေအပြည့်ဖြစ်နှင့် နင်းယိကျွော ။

" မနက်အစောကြီး ၆နာရီလောက်ကြီးကို ငါကဘယ်ရောက်နေရမှာလဲ "

မင်ဂျောင်းအသံကတော့ လေးပင်မှုတွေအပြည့် ၊ သူအိပ်ရေးမဝသေးဘူးလေ ။

" လိမ်တာ နင်အိမ်မှာမရှိဘူး "

" ဘယ်သူပြောလဲ စောစောစီးစီးမရစ်ပါနဲ့တော့ဟာ ပြန်အိပ်တော့မယ် "

" ငါတို့နင့်အခန်းရှေ့မှာ "

ဘေးကနေ ထွက်ပေါ်လာတဲ့အယ်ရီရဲ့အသံကြောင့် မင်ဂျောင်း လန့်ဖြန့်သွားပြီး ကုတင်ပေါ်ကပြုတ်ကျသွားသည် ။

" ဘာလုပ်နေတာလဲနင်တို့!!!! "

" မေးစရာရှိလို့လေ ပြောတော့အခန်းထဲမှာဆို ထွက်လာခဲ့လေ "

HERWhere stories live. Discover now