လူတစ်ယောက်ဟာ အရှုံးသမားဆန်လာပြီဆို အဲ့တာသူသိပ်ခံစားနေရလို့ပဲ ၊ အဲ့လိုကနေ စိတ်မတည်ငြိမ်မှုတွေဖြစ်လာတဲ့အခါ ခံစားရတာထက်ပိုပြီး အရှုံးသမားတစ်ယောက်ထက်ပိုပြီး နာကျင်မှုတွေပြင်းထန်လာလို့ ၊ အဲ့လိုအချိန်ဆိုရင်တော့ သူလုပ်နိုင်တာက သူကိုယ်တိုင်တောင်မသိပဲ လုပ်မိလုပ်ရာ လုပ်နေခြင်းပဲ
မင်ဂျောင်း ဘာတွေဖြစ်ပျက်နေမှန်းမသိတော့ဘူး အရူးတစ်ယောက်လို ရေရွတ်ရင်း မမှီမှီရာကိုဖမ်းဆွဲထားရင်း မျက်ရည်တွေလည်း တားမရစီးမရကျနေပြန်တယ် ၊ ဒါက နာကျင်မှုဆိုတဲ့ခံစားချက်တွေရဲ့အလွန်လား
နာကျင်ခြင်း ( ၈ )
ဆေးရုံထဲမှာ သတိလက်လွတ်ပြေးလွှားနေရင်း စိတ်မူမမှန်တဲ့လူတစ်ယောက်လိုမျိုး မင်ဂျောင်းယောက်ယှက်ခက်နေတယ် ။
ဝေဝါးနေတဲ့အမြင်အာရုံတွေက မျက်ရည်စတွေကြောင့်မှန်းသိပေမယ့် သုတ်ဖို့အားအင်လည်း သူမ ထံမရှိတော့ ၊ ထို့ကြောင့်လည်း လူအတော်အများနဲ့ဝင်တိုက်မိခဲ့တာအခါခါ ။
ရှာတွေ့ပြီဖြစ်တဲ့အခန်းတံခါးကို အပြေးအလွှားဆွဲဖွင့်မယ်လုပ်တော့ မြင်ကွင်းတစ်ခုဟာ သူမလုပ်ရက်တွေကိုရပ်တန့်စေတယ် ။
အခန်းရှေ့မှာ ရီနာနဲ့တွဲမြင်ဖူးတဲ့အမျိုးသားနှစ်ယောက် ၊ သူတို့ကိုကျော်ခဲ့ပြီး အထဲဝင်ဖို့လုပ်ပေမယ့် အနည်းငယ် ဟ ထားတဲ့အခန်းတံခါးထဲဝယ် ရီနာဟာ တခြားယောင်္ကျားတစ်ယောက်ကိုထုရိုက်ရင်းငိုယိုနေသည် ။
ဆေးရုံဝတ်ရဲ့အောက်မှာ အရင်လိုမဟုတ်တော့တဲ့ ဝမ်းဗိုက်ကိုကြည့်ရင်း ပထမဆုံးအကြိမ် မင်ဂျောင်းသေဆုံးသွားတယ် ။
ဒုတိယအကြိမ်ကတော့ ရီနာ့ရဲ့မျက်ရည်တွေကြားက ဗလုံးဗထွေးစကားသံတွေကြောင့်ပဲ ။
" အကုန်လုံးနင့်ကြောင့်ပဲ နင့်ကြောင့်အရာအားလုံးအခုလိုဖြစ်ရတာ ငါဘယ်လိုစိတ်နဲ့ အားတင်းပြီးကလေးကိုမွေးဖို့ကြိုးစားခဲ့ရသလဲ နင်သိလား ဟမ် "

YOU ARE READING
HER
Fiksi PenggemarJust read while I'm dying in my room because I can't write this shit anymore