အကြိမ်ပေါင်းများစွာ ထိုးနှက်ခံရတဲ့အခါ လူတစ်ယောက်ဟာ စပြီးနာကျင်မှုတွေပျောက်လာတယ် ၊ နောက်ကျ တဖြည်းဖြည်း အဲ့လိုမနာကျင်ရင်တောင်မနေနိုင်တော့တဲ့အထိလည်း စွဲလမ်းသွားတတ်ကြသေးတယ်
မင်ဂျောင်းကနက်ရှိုင်းတဲ့ချောက်တစ်ခုထဲကိုကျနေခဲ့တာကြာခဲ့ပြီ ၊ ဘယ်သူမှလည်းလာမကယ်ကျသလို သူကိုယ်တိုင်ကလည်းမထွက်ချင်ခဲ့ဘူး ၊ ဘယ်သူကရောထွက်ချင်ပါ့မလည်း ခါရီနာဆိုတဲ့ချောက်နက်နက်ဟာ မာယာများပြီး သိပ်လှသကိုး
နာကျင်ခြင်း ( ၁၁ )
ဘီယာဘူးကို လက်ညိုးနဲ့တတောက်တောက်မြည်အောင် ခေါက်နေရင်း မင်ဂျောင်းအကြီးအကျယ်စဉ်းစားခန်းဖွင့်နေသည် ။
ဂျယ်ဟျောင်းဆိုတဲ့ အကုသိုလ်ကောင်ကို ဘယ်နားမှာ ဘယ်လိုအဆုံးသတ်ပေးလိုက်ရမလဲ ။
သူဘာမှမလုပ်ရင်တောင်မှ ဟင့်အင်း သူဘာမှလုပ်ဖို့မကြိုးစားရင်တောင်မှ ရီနာနဲ့ပတ်သတ်ခဲ့ဖူးသူဆိုတဲ့အချက်က သူသေဖို့ထိုက်တန်နေပြီလို့ မင်ဂျောင်းထင်တယ် ။ ပြီးတော့ သူကထွက်ပြေးသွားတဲ့ရီနာ့ကို ဗိုက်ထဲကကလေးနဲ့ပင်ပန်းဆင်းရဲစေခဲ့သေးတာ ။
သူ့ကျေးဇူးကြောင့် မင်ဂျောင်းနဲ့ရီနာဆုံတွေ့ခဲ့ရသည်ဖြစ်ပါစေအုံးတော့ သူ့အပြစ်ကဒီတိုင်းလွှတ်ထားပေးလို့မရပေဘူး ။ ရီနာသူ့ကိုလက်မခံခဲ့စဉ်တုန်းက ရီနာဟာသူ့အပိုင်မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ မင်ဂျောင်း ယူကျုံးမရဖြစ်ပြီး နာကျင်စွာဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတာ ၊ ဒါကြောင့် ရီနာဟာသူနဲ့သက်ဆိုင်လာချိန်မှာတော့ မင်ဂျောင်းဘယ်အရာမဆိုလုပ်ဖို့ ရပ်တန့်မှာမဟုတ်သလို ကြောက်လန့်နေမှာလည်းမဟုတ်ဘူး ။
" ဒီတိုင်းလူလွှတ်ပြီးရိုက်သတ်ခိုင်းလိုက်ရမလား "
ဘီယာခပ်အေးအေးဟာ မင်ဂျောင်းလည်တိုင်တစ်လျှောက်ကျဆင်းသွားသည် ၊ ခေါက်ဆွဲမျှင်တွေ...ထပ်ပြီးခေါက်ဆွဲမျှင်တွေ ၊ အနက်ရောင်လက်သည်းနီ ၊ လက်ချောင်းလှလှလေးတွေ ။ စတွေ့တုန်းကအချိန်ကိုတွေးမိတော့ မင်ဂျောင်းခပ်ပြုံးပြုံးဖြစ်သွားသည် ၊ ပြီးတော့ အတွေးတစ်ခုဟာလည်းသေချာသွားသည် ။