ခေါင်းတည့်တည့်ကိုဒုံးကျည်နဲ့ပစ်ခံလိုက်ရသလိုနာကျင်မှုကိုဘယ်လိုကျော်လွှားမလဲ
မင်ဂျောင်းဘဝရဲ့ပထမဆုံးနာကျင်မှုဟာ သေးသေးလေးဖြစ်ပါလျှက် ကျော်လွှားဖို့ကြိုးစားရင်း ကြိုးစားတဲ့ဒဏ်ကိုမခံနိုင်ဖြစ်ခဲ့ရတယ် ၊ ဒုံးကျည်လိုအားအင်တစ်ခုနဲ့သာဆို မင်ဂျောင်းဘာနဲ့ကျော်လွှားဖို့ကြိုးစားရမလဲ ။
နာကျင်မှု ( ၂)
မင်ဂျောင်းအတန်းသွားတတ်တယ် အိမ်ကိုပြန်လာတယ် ၊ ၁၀ ရက်ရှိပြီ ၊ စက်ရုပ်တစ်ခုလို ရည်မှန်းချက်ပျောက်နေတဲ့သူတစ်ယောက်လို ။
တချို့ရက်တွေမှာအတန်းတောင်မတတ်ပါပဲ အိမ်ထဲမှာနေတယ် စာလုပ်တယ် ၊ ပတ်ဝန်းကျင်မပြောနဲ့ သိပ်မကြာခင် အိမ်ပြောင်းတော့မယ့် ကိုကိုနဲ့တောင်စကားမပြောဖြစ်တာကြာပြီ ။
ဒီတိုင်းဆိုလည်း အလုပ်ကပြန်လာတဲ့အချိန်ပဲပြောဖြစ်ပြီး ကိုယ့်ဟာကိုယ်နေကြတာမို့ ဘာမှသိပ်ထူးခြားသွားမှာလည်းမဟုတ်ပါဘူးလေ ။
အဲ့မိန်းမမျက်နှာနှင့်ဝယ်လာခဲ့သောခေါက်ဆွဲထုပ်တွေမှာ အိမ်ပြင်မထွက်ချိန်တွင်စားမိနေသောကြောင့် ကုန်သွားပြီဖြစ်သည် ။ တဖြည်းဖြည်းအသားကျလာသော အစပ်အရသာနဲ့အတူ အဲ့မိန်းမကိုလည်းတဖြည်းဖြည်းချင်း ပိုတမ်းတလာသည် ။
တိုက်ခန်းရဲ့ဓာတ်လှေကားမှာ မင်ဂျောင်းလူတစ်ယောက်နဲ့ဝင်တိုက်မိသည် ။
ပြုတ်ကျသွားတဲ့စျေးဝယ်ပစ္စည်းတွေကို ကောက်ပြီး တစ်ဖက်လူကိုထူပေးဖို့ကြည့်လိုက်ပေမယ့် ထိုလူဟာပိတ်သွားသည့်တံခါးဘေးကနံရံကိုမှီပြီးငြိမ်နေသည် ။
" အဆင်ပြေရဲ့လား "
မင်ဂျောင်းသူ့နားကိုတိုးသွားပြီးမေးတော့ လှည့်ကြည့်လာသည့်ထိုလူဟာ တခြားမဟုတ်သည့် သူ့၏ခေါက်ဆွဲမျှင်ကလေးဖြစ်သည် ။
သူမဟာ ဗိုက်ကိုခပ်ဖွဖွဖိကိုင်ရင်း
" ရ..ရပါတယ် "
မင်ဂျောင်းလိုမဟုတ်ပဲ အဲ့မိန်းမရဲ့အသံဟာ နက်နဲပြီးရှတတ ပြီးတော့ မောပန်းနေသလိုတိုးရှနေသေးတာ ။

YOU ARE READING
HER
FanfictionJust read while I'm dying in my room because I can't write this shit anymore