'' ဟျောင်း ... ဟိုနေ့က ငှားသွားတဲ့ထီး ´´
ဆွန်းဟန်က အွန်းဆော့လက်ထဲကို ထီးပြန်ထည့်ပြီး လွယ်အိတ်ကိုချကာ ဖိနပ်ကြိုးချည်နေသည် ..ဒီနေ့ ဘတ်စကတ်ဘော လေ့ကျင့်ရေးကြောင့်
အဖွဲ့သားတွေ လူစုံလျက် ...အွန်းဆော့က အသင်းက ကလေးတွေကို စုကာ နေရာချပေးပြီး စလေ့ကျင့်ဖို့ပြောကာ ဘေးခုံကနေ စောင့်ကြည့်နေသည် ...ခုံမှာထိုင်ရင်း ဘေးကိုလက်ထောက်မိတော့
ဆွန်းဟန် ပြန်ပေးသည့် ထီးနှင့် လက်ကထိမိလေသည်.. ငယ်ငယ်က လက်ကိုင်ထီးနှင့်မတူသော ခေါက်ထီးလေးတစ်လက် ..အွန်းဆော့က ကြိုးစားပြီး လေ့ကျင့်နေသည့်
ဆွန်းဟန်ကို လှမ်းကြည့်မိပြီး အတွေးတို့တစ်စ .. နံရံအပေါ်ဘက်က အလုံပိတ်မှန်ပေါက်ကိုဆက်ကြည့်မိတော့ အပြင်ဘက်မှာ မိုးတွေရွာနေသည် ..ဒီဘက်မှာတော့ မိုးတွေရွာတဲ့နေ့က စတယ်
'' သား ... ဘိုးဘိုးဆီသွားရအောင် ´´
အမေက အွန်းဆော့ကိုပြောပြီး suit အနက်ရောင်လေးကို ဆွဲချပြင်ပေးသည် .. အွန်းဆော့လေးက ဖိနပ်စီးပြီး အဖေ့ကားပေါ်တက်ကာ အဘိုးကို သွားကန်တော့ဖြစ်ကြသည် ...ဒီနေ့က အဘိုးဆုံးတာ တစ်နှစ်ပြည့် ... အမြဲ
သန့်ရှင်းဖို့ လူငှားထားသည်မလို့ အုတ်ဂူက ရှင်းလင်းစွာ .. ဘွားဘွားက ပန်းစည်းကိုချပြီး ကျောကိုလာပုတ်လိုက်တော့ အွန်းဆော့ ကန်တော့လိုက်သည် ..'' ဘိုးဘိုးကို သတိရလိုက်တာ ကောင်းကောင်းမွန်မွန် ရှိနေတယ်မလား ´´
တိုးတိုးလေး ရေရွတ်ရင်း ရပ်ကြည့်နေမိသည်...အဘိုးက မိသားစုအတွက် အကြီးမားဆုံးအထောက်အပံ့ .. အဘိုးရဲ့ခွန်အားနှင့်ကြိုးစားမှုတွေကြောင့် နောက်ပိုင်းသားစဥ်မြေးဆက် အသာစံရတာကို အွန်းဆော့ ဒီအရွယ်မှာ ကောင်းကောင်းနားလည်သလို အဘိုးပြောခဲ့သည့် စကားတွေ ဆုံးမသွန်သင် လမ်းကြောင်းမှုတွေက အွန်းဆော့အတွက် အဖိုးတန်လေသည် ...
အွန်းဆော့အဖေက သားအကြီးဆုံးမလို့ မြေးအကြီးဆုံးဖြစ်သည့် အွန်းဆော့ကို အဘိုး အဘွားက တအားချစ်ကြသည် ... မိသားစုရဲ့အချစ်ကို အပြည့်အဝရရှိပြီး ပြည့်စုံသည့် အသိုင်းအဝိုင်းမှ ကလေးပီပီ အွန်းဆော့က ကောင်းကောင်းကြီးပြင်းလာလေသည် ..