~ ၄ ~

83 12 25
                                    

အွန်းဆော့က ဆွန်းဟန်ပေးလိုက်သည့် တစ်ခြားထီးတစ်ချောင်းကို လက်ထဲ ကျစ်နေအောင်ဆုတ်ကိုင်ထားပြီး ဆွန်းဟန်အိမ်ကနေ ထွက်လာသည် ...

'' ကျွန်တော့်ကို လာမကြိုနဲ့ တစ်ယောက်တည်း ပြန်လာချင်လို့ ''

ဒါရိုင်ဘာ ဦးလေးကြီးကို ဖုန်းဆက်ပြောပြီး အွန်းဆော့ မိုးရေစက်တွေကြား ထီးတစ်ချောင်း လွယ်အိတ်တစ်လုံးနှင့် ...

'ဘယ်သူ့ကိုမှ ပေးမဆောင်းနိုင်တဲ့ ထီးလေး '
ဆွန်းဟန်ရဲ့ အသံက အွန်းဆော့ နားထဲရိုက်ခတ်ဆဲ ..

ဆွန်းဟန်က အခုအချိန်အထိ ပေးခဲ့ဖူးသည့် ထီးလေးကို သေချာသိမ်းထားပြီး အထိမခံတာတဲ့လေ ..

ဒီကြားထဲ လွှင့်ပစ်ပြီတောင် တွေးနေခဲ့တာကို အခုတော့ ...

အွန်းဆော့ စိတ်တို့ ငြိမ်သက်နေခဲ့သည် ...

ဘာမှ ခေါင်းထဲမရှိ စိတ်ကဗလာ ရွာနေသည့်မိုးရဲ့ ရိုက်ခတ်မှုကလည်း မပြင်းထန် ..

ဆွန်းဟန်နီ ဆိုသည့် နာမည်တစ်ခုနဲ့ မျက်နှာလေးကိုပဲ မြင်ယောင်ပြီး ဘာမှထပ်မရှိခဲ့ ..

^ အနည်းဆုံးတော့ စာသင်ချိန်တွေမှာ ဒီနေ့လို အဆင်ပြေပြေ ဖြတ်သန်းရရင် တော်ပါပြီ ^

အွန်းဆော့ လမ်းလျှောက်ရင်း ရပ်ကာ ထီးကို ပိတ်ချလိုက်သည် ...

မိိုးက စသည်းနေပြီမလို့ တစ်ကိုယ်လုံး ရွှဲသွားပြီး ခေါင်းမော့ကာ မျက်လုံးများမှိတ်ထားလိုက်သည် ...

လွယ်အိတ်က မိုးကာသားဖြစ်၍ ကိစ္စမရှိသည်မလို့ ချိတ်ထားသည့် shinchan keychain လေးတွေ တပ်ထားသည့် pin လေးတွေကို အမြန်ဖြုတ်ပြီး အိတ်ထဲထည့်လိုက်သည် ...

မျက်နှာပေါ် ကျဆင်းလာသည့် မိုးရေတို့ကြား လွယ်အိတ်ကို ပိုက်ထားပြီး ပလက်ဖောင်းဘေးမှာ ရပ်လျက် ...

^ ကျေးဇူးတင်ပါတယ် ချာတိတ်လေး ..ပေးခဲ့တဲ့အရာလေးကို တန်ဖိုးထားပေးလို့ ကျေးဇူးပါ ^

'' ဟယ် လူလေး ဘာလို့စိုရွှဲလာတာလဲ ကား လာမကြိုဘူးလား ''
'' ကျွန်တော် မကြိုခိုင်းတာပါ မိုးရေထဲ လမ်းလျှောက်ချင်လို့ ''

Shelter ( Completed ) Onde histórias criam vida. Descubra agora