~ ၉ ~

78 12 25
                                    

'' အိပ်ပျော်သွားတာပဲ ဟျောင်းက နှိုးတာမဟုတ် ''
ဆွန်းဟန်ပြန်နိုးလာတော့ ရုပ်ရှင်းက ပြီးခါနီး ..

'' ကောင်းကောင်းအိပ်ပျော်နေတာနဲ့ မနှိုးဖြစ်တာပါ ''
'' ဟျောင်းကို အားနာစရာဖြစ်ပါပြီ ''
'' မဟုတ်တာ ရပါတယ် ''

ဆွန်းဟန်က အွန်းဆော့ ပခုံးပေါ်များ ဘယ်လိုမှီပြီး အိပ်ပျော်မိလဲ တွေးကြည့်မရ

ကျန်နေသည့် ပေါက်ပေါက်တွေကို အဆုပ်လိုက် ပါးစပ်ထဲထိုးသွင်းတော့ အွန်းဆော့က ကိုလာဘူးလက်ကျန်ကို ကမ်းပေးသည် ..

ဆွန်းဟန်က သီးမလိုတောင်ဖြစ်နေ၍ ကိုလာဘူးကို အဖုံးဖွင့်ပြီး မော့ချလိုက်ကာ အွန်းဆော့ကို လှည့်ကြည့်တော့ ရုပ်ရှင်ကိုသာ စိုက်ကြည့်နေလျက် ..

တစ်ကယ်တော့ အွန်းဆော့ ရုပ်ရှင်ကို စိတ်မပါ အသက်တောင်မနည်းဝအောင်ရှုရင်း ဆက်တိုက် ဘေးက ကောင်လေးနှင့် အနေမခက်မိအောင် အာရုံလွှဲထားရုံသာ

ဒါပေမယ့် ရုတ်တရက် ခေါင်းလေး ပခုံးပေါ်ပြုတ်ကျလာပြီးနော် အတော်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း ဆွန်းဟန်ရှက်မည်စိုး၍ လှည့်မကြည့်ဖြစ်

'' အိမ်ပြန်ချင်ပြီလား ''

ရုပ်ရှင်ရုံက ထွက်လာချိန် အွန်းဆော့က ဆွန်းဟန်ကို မေးလိုက်တော့ ဆွန်းဟန်က နာရီကြည့်လိုက်ပြီး

'' အချိန်တော့ရှိပါသေးတယ် ဟျောင်း ဘယ်သွားချင်သေးလဲ ''
'' ဆွန်းဟန်နီ ပြောကြည့်လေ ''

'' အပေါ်ဆုံးထပ်မှာ game center ရှိတယ်လေ ''
'' အဲ့ကိုသွားချင်တာလား ''

ဆွန်းဟန်က ခေါင်းတဆတ်ဆတ်ညိတ်လိုက်တော့

'' ဟုတ်ပြီ သွားကြမယ် ''
အွန်းဆော့လည်း စိတ်ပါလက်ပါ ...

'' ဒီနေ့ ဟျောင်း ပိုက်ဆံကုန်တာတွေများနေပြီထင်တယ် ''
'' ရပါတယ်ဗျာ ''

အွန်းဆော့က လဲထားသည့် အကြွေစေ့တွေကို ဆွန်းဟန်ကိုပေးလိုက်ပြီး ..

'' ရော့ .. ဘာဆော့ချင်တာလဲ ''
'' တူတူဆော့မယ်လေ ဟျောင်း ''
'' အိုကေ ''

mini game စက်လေးတွေမှာ ဘယ်လောက်ကြာကြာ နှိပ်မိကြလဲမသိပေမယ့် ရယ်သံတွေထွက်လျက် ..

Shelter ( Completed ) Donde viven las historias. Descúbrelo ahora