' ဟျောင်း .. ထီးက ´´
အွန်းဆော့က အောက်မှာထိုင်ကာ မပြေနေသည့် ဖိနပ်ကြိုးကို ချည်ဟန်ဆောင်ရင်းက မော့ကြည့်ကာ ပြုံးလိုက်သည် ..
'အဲ့ဒီအစ်ကိုက ရှေ့မှာရောက်နေပြီဆိုရင်ရော ´
ဆွန်းဟန်က အရာအားလုံးကို ဆက်စပ်ဖို့ မိနစ်ပိုင်းကြာလိုက်ပြီး ..
'' ဆုန်း .. ဆုန်းမျိုးရိုးပဲ .. ပြီးတော့ ဟျောင်းကို ပြန်တွေ့ခဲ့တုန်းက အဲ့တုန်းက ´´
'' မှတ်မိလား .. ဆိုဟွီးကို ကျောင်းလာကြိုရင်း ပြန်တွေ့ခဲ့တာကို ´´
'' ဟျောင်းက ကျွန်တော့်ကို တောက်လျှောက် သိနေတာလား ´´
'' တစ်ရက်လေးတောင် မမေ့ခဲ့ဘူး ´´'' ဘာလို့လဲ ဘာလို့မပြောခဲ့တာလဲ ´´
'' ဒီတိုင်း ..'' ဟျောင်းက တစ်ကယ် ဆိုးတာပဲ ´´
အွန်းဆော့ပဲ အထင်မှားလားမသိ ဆွန်းဟန်အသံတို့ တုန်ရီနေလျက် ..
ဆွန်းဟန်က အွန်းဆော့ဆီ ထီးပြန်ထိုးပေးလိုက်ပြီး camp ဆီ ပြေးသွားတော့သည် ..
'' ဆွန်းဟန်နီ .. ကလေး ´´
အွန်းဆော့က နောက်ကနေ ပြေးလိုက်ပေမယ့် လူတွေစုရပ်ကို ပြန်ရောက်ချိန်မှာ ဘာမှလုပ်မရ ..
ဆွန်းဟန်က စိတ်ဆိုးသွားပုံပေါ်သည် အွန်းဆော့ကို လုံးဝလှည့်မကြည့် စကားမပြော ..
ဒီလောက်က အွန်းဆော့ မှန်းထားပြီးဖြစ်ပေမယ့် လက်တွေ့မှာတော့ ပြာယာခတ်လျက် ..
'' ဆွန်းဟန်နီ .. ´´
ခပ်တိုးတိုးခေါ်ပေမယ့်လည်း ဆွန်းဟန်က မသိချင်ယောင်သာ ဆောင်နေခဲ့သည် ..
ညဘက် စကားဝိုင်းလူစုကြတော့လည်း ဆွန်းဟန်က အွန်းဆော့ရဲ့ အဝေးမှာသာထိုင်လျက် ..
တစ်ညအိပ် နှစ်ရက်ခရီးမလို့ ဘာအချိန်မှ အွန်းဆော့မှာရမနေ .. မနက်မိုးလင်း ဟိုဟိုဒီဒီလျှောက်ပတ်ပြီး ကြည့်တော့လည်း ဆွန်းဟန်က ရှောင်နေဆဲ ..
'' ဆောင်းချန်လား .. အေး ငါ့ကို အိမ်က ကားဝင်ယူလာပေးမလား ငါအိမ်ကို ဖုန်းဆက်ထားလိုက်မယ်